Zawgyi//
Chapter 28
Translate by Z {16.2.2022 }
"ကျွန်မ ပိုကောင်းလာပါပြီ ...ကျွန်မ ကျောင်း
ပြန်သွားချင်တယ် ..အခုကျွန်မက ဂျူနီယာ
အထက်တန်း ပြီး တော့ ကျွန်မ မကြာခင်
ကောလိပ် ဝင်ခွင့် စာမေးပွဲ ဖြေရတော့မှာ "
ချုံးလီသည် သူ၏ မျက်ခုံးများကို မြှင့်လိုက်ပြီး
ကောလိပ် ဝင်ခွင့် စာမေးပွဲ အကြောင်းပြော
လာတော့ နည်းနည်း အံ့သြ မိခဲ့သည် ။
သူသည် စာမေးပွဲ ဘယ်လောက်အရေးပါ
သည်ကို နားမလည်နိုင်ပေ...။သူ ၏
မျက်မှောက်ကာလ အနေအထားသည်
သူ၏ အလုပ်ကြိုးစားမူကြောင့် ဖြစ်သည် ။
သို့သော် သူ၏ မိသားစု မူလ နောက်ခံသည်
လည်း အတော်ကောင်းမွန်သည် ။သူသည်
အလုပ်ကြိုးစားခြင်း မရှိပဲ မိသားစု
စီးပွားရေးကို အမွေဆက်ခံကာ ချမ်းသာခြင်း
ကို ပိုင်ဆိုင်နိုင်သောသူဖြစ်သည် ..။
သူ၏ မျက်လုံးများအတွင်း , ကောလိပ် ဝင်ခွင့်
စာမေးပွဲသည် လေ လည်သလောက်ပင်ဖြစ်
သည် ..။
သူ ပညာသင်နေစဉ်အခါက , သူသည် ကျောင်း
အနိုင်ကျင့်သူ ပုံစံပေါက်နေပြီး ကောလိပ်ဝင်
ခွင့်စာမေးပွဲကို အာရုံစိုက်မူ မပေးခဲ့ပေ ..။
ထို့ကြောင့် သူသည် Nuonuo ၏ ကျောင်းသို့
ပြန်သွားပြီး စာကြိုးစားမည်ကို ကြားသော
အခါ Nuonuo သည် သင်ကြားခြင်းကို
ချစ်နေတာလားဟုပင် သူ အံ့သြခဲ့ရသည်..။
အချက်အလက်များ အရဆိုလျှင် ဒါသည်
ပြသနာ မဟုတ်သော်လည်း Nuonuo သည်
တကယ် ကျောင်းသားကောင်းကဲ့သို့ပင်
ုဖြစ်သည်ကို သူသိသည် ..။
ချုံးလီ စဉ်းစားလိုက်သည် , သူမ သည် တတိယနှစ် အထက်တန်းသာရှိသေးပြီး သူမက
အရမ်း ငယ်သေးတယ် , 18 နှစ်တောင် မပြည့်
သေးဘူး....။
သူတို့ရဲ့ အသက်ကွာခြားမူက အရမ်းကြီး
တယ် ...။သူ့တွင် မိန်းကလေးငယ်လေးများ
နှင့် လုပ်စရာ မည်သည့် ဝါသနာမှမရှိပေ ...
ထိုလူသည်Nuonuo ဖြစ်လျှင်တော့
အရာရာတိုင်းကကွဲပြားသွားနိုင်သည်..။
STAI LEGGENDO
✔အာဏာရှင်စီအီးအိုကြီးရဲ့ဇနီးထွက်ပြေးသွားပြီ《မြန်မာဘာသာပြန်》
Umorismo📌Complete 📌 ( ၁၅ ရက်နေ့ စာပြင်ဖို့ Un မှာပါ အခုမှစမှာဆို မဖတ်ပါနဲ့ဦးနော် တန်းလန်းကြီးဖြစ်နေမှာစိုးလို့ပါ တစ်ခါတည်း Ongoing ပြန်လိုက်ပေးရင် ကျေးဇူးတင်မိမှာပါ) This story is not mine , Just translate 😉 Associated Title : 穿成霸总小逃妻 Author : 藤萝为枝 Eng...
