Zawgyi//
English Translation; Wordrain69
Translated by Z {17.5.2022}
စုန့်ကျန်း သည် အလွန် စိတ်ဆင်းရဲနေသော်
လည်း ဘယ်သူက သူ့ကို ပိတ်မိစေခဲ့လဲ သူမသိ
ဘူး ...။ သူဟာ လက်စားချေဖို့ ရှာဖွေရန်
တွေးနေနိုင်သေးသည် ။
Nuonuo စကားမပြောချေ ...., သူမသည်
နောက်ဆုံး အနေနှင့် စုန့်ကျန်း ကို အကြည့်
တစ်ချက်ပေးလိုက်သည် ။
ဒါသည် မူလပိုင်ရှင်၏ အဖေ....။ သူသည်
မူလက Nuonuo နှင့် လဲလှယ်ခြင်းအတွက်
ရှယ်ယာ 50 % ကို ရရှိခဲ့သည် ။ ဒါပေမဲ့ ,
သူက လည်း လောင်းကစား အတွက် အဲ့ဒါကို
အသုံးပြုပစ်လိုက်တယ်....။
မူလပိုင်ရှင်သာ ဒါကို မြင်ရင် , သူမ ဝမ်းနည်း
လိမ့်မယ် ...။
သူတို့နောက်ဆုံး ထွက်ခွာ သွားသောအခါ ,
Zhang Qingduo သည် Nuonuo ၏ မျက်နှာ
ကို အသေအချာ စိုက်ကြည့်လိုက်သည် ။
မိန်းကလေးငယ်လေး သည် တိတ်ဆိတ်ပြီး
တည်ငြိမ်သော်လည်း အစ်ကိုလီကတော့
သူ့ဆီတွင် တစ်စုံတစ်ယောက်က သန်းရာချီ
အကြွေးတင်နေသကဲ့သို့ သူ၏ မျက်နှာတွင်
အေးစက်မူကို ထားရှိနေသည် ။
ချုံးလီ သည် ခံစားချက်ဆိုးဝါးနေပြီး သဘာဝ
ကျစွာ အသံသည်လဲ ဆိုးဝါးနေသည် ,
"ပြော !"
"အစ်ကို လီ , အန်တီ ချန်က
သူမ က ရှယ်ယာ 70% နဲ့ ဘာလုပ်သင့်လဲ လို့
အစ်ကို့ ကို မေးနေတယ် ?"
Zhang Qingduo သည် မကူညီနိုင်သော်
လည်း Nuonuo အား ဖျက်ကနဲ ကြည့်လိုက်
သည် ။
သူမသည် သူမ၏ မျက်လုံးများကို နှိမ့်ချ
ထားပြီး သူ၏ နူတ်ခမ်းများကို နူးညံ့စွာ စုဝိုင်း
ထားသည် ။
ဟုတ်တယ် , သူမက တကယ် လှတယ် ...။
ချုံးလီ သည် အေးစက်သောအသံနှင့်
ပြောလာသည် , " Chen Qian က အဲ့တာကို
လိုချင်တာမဟုတ်ဘူးလား ? Chen Mao သူ့ညီမကို ပေးလိုက် ပါစေ.."
မြေပြင်ပေါ်သို့ စိုက်ကြည့်နေသော Nuonuo
သည် သူ့အား မော့ကြည့်လာသည် ။
ŞİMDİ OKUDUĞUN
✔အာဏာရှင်စီအီးအိုကြီးရဲ့ဇနီးထွက်ပြေးသွားပြီ《မြန်မာဘာသာပြန်》
Mizah📌Complete 📌 ( ၁၅ ရက်နေ့ စာပြင်ဖို့ Un မှာပါ အခုမှစမှာဆို မဖတ်ပါနဲ့ဦးနော် တန်းလန်းကြီးဖြစ်နေမှာစိုးလို့ပါ တစ်ခါတည်း Ongoing ပြန်လိုက်ပေးရင် ကျေးဇူးတင်မိမှာပါ) This story is not mine , Just translate 😉 Associated Title : 穿成霸总小逃妻 Author : 藤萝为枝 Eng...
