Zawgyi//
Translate by Z {28.4.2022}သူ၏ အသံအနေအထားသည် တည် ငြိမ်နေ
ကာ သူသည် မရေမရာ ပြောလာ၏ ,
"ဘာဆေးလဲ ? Nuonuo , ဒါ မင်းကိုယ့်ကို ရိုက်
တာ လေးကြိမ်မြောက်ပဲ, ကိုယ်နောက်
တစ်ကြိမ်ဆိုတာ မလိုချင်ဘူး "သူဟာ သူ၏ အမှားကို ဝန်ခံရန် ငြင်းဆိုလာ
သောအခါ , Nuonuo ၏ မျက်နှာသည် ဒေါသ
ကြောင့် နီရဲလာ၍ ,
"ကျွန်မ မနေ့က ကျွန်မဘာသာ အိပ်ပျော်သွား
တယ်လို့တော့ လာမပြောနဲ့ , နေ့လည်ခင်း
တစ်ခုလုံး ကျွန်မ မှာ သတိ မရှိခဲ့ဘူး "သူ ပြုံးလိုက်ပြီး , "မင်း အရင်က ဖျားနေတာလေ , ဒါကြောင့် အကြာကြီး အိပ်တယ်ဆိုတာ
ပုံမှန်ပဲ ။ ကိုယ်က မင်းကို ဆေးပေးတယ်လို့
မင်းဘာကြောင့်တွေးရတာလဲ ? တကယ်လို့
မင်း ကိုယ့်ကို မယုံဘူးဆိုရင် , ဆရာဝန် ကို
ကျန်နေတဲ့ ဘယ်ဆေးကို မဆို မင်းစစ်ကြည့်
ခိုင်းလို့ရတယ် "Nuonuo ဟာ ဒီ အရူးသည် အရှက်မဲ့သည် ဟု
ခံစားလိုက်ရသည် ။ထို ကျန်သော ဆေးများကို ဆိုရင်တောင်
ဆရာဝန်က မငြင်းဆိုနိုင်ဘူးဆိုတာ
သူမ သိတယ် ။"ကျွန်မ ဖျားနေရင်တောင် , ရှင် ကျွန်မကို
ပြော...." သူမ အံကြိတ်လိုက်သည် ။Nuonuo သည် ထို စကားလုံးများကို ပြောရန်
တကယ် ကို ရှက်စရာကောင်းသည်ဟု ခံစား
ရသည် ။ သူမ ရှက်သော်လည်း ဒီအမျိုးသား
၏ အလွန်တည်ငြိမ်ပြီး မမှတ်မိဟန် ဆောင်
နေပုံကို သူမ မုန်းတယ် ....။Nuonuo ၏ နားများသည် အနီရောင်သို့
ပြောင်းလဲ လာပြီး သူမပြောမည့် အရာကို
ပြောင်းလိုက်သည် , " အနီမှတ်တွေက ကျွန်မ
ဆီကို ဘယ်လို လုပ်ရောက်လာတာလဲ ?"ချုံးလီ တစ်စက္ကန့် မျှ ရပ်လိုက်သည် ။
သူ၏ မျက်လုံးများသည် နူးညံ့လာ ကာ ,
သူမ ဟာ အရမ်း နှစ်လိုဖွယ်ကောင်းနေမည်ဟု
သူ တကယ်ကို မမျှော်လင့်ထားခဲ့ချေ ။
![](https://img.wattpad.com/cover/285134430-288-k593883.jpg)
YOU ARE READING
✔အာဏာရှင်စီအီးအိုကြီးရဲ့ဇနီးထွက်ပြေးသွားပြီ《မြန်မာဘာသာပြန်》
Humor📌Complete 📌 ( ၁၅ ရက်နေ့ စာပြင်ဖို့ Un မှာပါ အခုမှစမှာဆို မဖတ်ပါနဲ့ဦးနော် တန်းလန်းကြီးဖြစ်နေမှာစိုးလို့ပါ တစ်ခါတည်း Ongoing ပြန်လိုက်ပေးရင် ကျေးဇူးတင်မိမှာပါ) This story is not mine , Just translate 😉 Associated Title : 穿成霸总小逃妻 Author : 藤萝为枝 Eng...