Chapter 138
Associated Title : 穿成霸总小逃妻
Author : 藤萝为枝
English Title : Escaped Wife Of Typrant CEO
English Translation; Wordrain69
Mm Title; အာဏာရှင် CEO ကြီး၏ဇနီး
ထွက်ပြေးပြီ
Mm Translated by @Li_Soung_Oo
Date ; February 2 , 2023========================
ဒါပေမဲ့ တစ်ခါတစ်လေမှာ မိန်းမတွေက
အကြင်နာမဲ့ပြီး မမျှော်လင့်ကြဘူး ။Jiang Xinyue က အချိန်ကို ရေတွက်နေခဲ့
ပြီး မြင်ကွင်းက ပြင်းထန်သင့်သည်ဟု ခံစား
လိုက်ရတယ် ။ သူမလဲ စိတ်ပိုင်းဖြတ်ထား
ပြီ ။ သူမက Zhang Qingduo ရဲ့ ဖုန်းကို
Qiu Li ဆီခေါ်ရန် အလျင်အမြန်ငှါးယူ
လိုက်ပြီး , " ကျွန်မ Song Nuonuo ကို
တွေ့တယ် , သူမ က မင်္ဂလာဝတ်စုံကို
ဝတ်ထားပြီး Ring စားသောက်ဆိုင်ကို
သွားတာ ။ ရှင် သူမကို လိုချင်သေးတုန်း
လား ?"Qiu Li ရဲ့ မျက်နှာက ချက်ချင်း နစ်မြုပ်လု
နီးပါးဖြစ်သွားခဲ့တယ် ။" မင်း သောက်ကျိုးနည်း ပါးစပ်ပိတ်ထားစမ်း "
Jiang Xinyue က ပြောလာတယ် ,
" သူမက ရှင့်ကို လက်မထပ်ချင်ဘူး ,
ဒါကြောင့်...."သူမက ရှင့်ကို အစိမ်းရောင် ဦးထုပ် တစ်လုံး
ပေးခဲ့တာ ။ Jiang Xinyue က အမှန်တကယ်
Qiu Li ကို ကြောက်သော်လည်း သူမပြော
လိုက်တယ် ,
" တကယ်လို့ ရှင်မသွားဘူးဆိုရင် ,
အဲ့တာ အရမ်းနောက်ကျသွားတာဖြစ်နိုင်
တယ် "Qiu Li က နာကြည်းမူနှင့် ဒေါသများပြည့်
လာခဲ့တယ် ။ဒီနေ့ဟာ မူလက Nuonuo ရဲ့ ကျောင်းမှ
အားလက်ရက်ဖြစ်သည် ။ဒါပေမဲ့ ဒရိုင်ဘာက သူမကို မကြိုလိုက်ရဘူး။
သူမ က ထွက်ပြေးသွားတယ် ။
သူမက သူ့ကို လက်မထပ်ချင်ဘူး ,
သူမက သူ့နှလုံးသားထဲကို ပြင်းပြင်း
ထန်ထန် ထိုးဖောက်ချင်တာဖြစ်ရမယ် ။Qiu Li က တံခါးကို ကန်ဖွင့်လိုက်တယ် ။
သူက မြင်ကွင်းကို ကြည့်ပြီး သူ့မျက်လုံးတွေ
က နီရဲနေခဲ့တယ် ။ သူ ရူးသွပ်သွားပြီ ..အနီရောင် အိပ်ယာခင်းတွေပေါ်မှာ ,
Nuonuo က မင်္ဂလာဝတ်စုံကို ဝတ်ဆင်ထားပြီး
Bai Ye ပေါ်တွင် လှဲမှီနေကာ , သူက သူမ
ပခုံးများကို ထောက်ခံပေးထားသည် ။

YOU ARE READING
✔အာဏာရှင်စီအီးအိုကြီးရဲ့ဇနီးထွက်ပြေးသွားပြီ《မြန်မာဘာသာပြန်》
Humor📌Complete 📌 ( ၁၅ ရက်နေ့ စာပြင်ဖို့ Un မှာပါ အခုမှစမှာဆို မဖတ်ပါနဲ့ဦးနော် တန်းလန်းကြီးဖြစ်နေမှာစိုးလို့ပါ တစ်ခါတည်း Ongoing ပြန်လိုက်ပေးရင် ကျေးဇူးတင်မိမှာပါ) This story is not mine , Just translate 😉 Associated Title : 穿成霸总小逃妻 Author : 藤萝为枝 Eng...