Chapter 9
Associated Title:穿成霸总小逃妻
Author:藤萝为枝
English Title:Escaped Wife Of a Typrant CEO
English Translation; Wordrain69
Myanmar Title; အာဏာရှင် CEO ကြီး၏ဇနီးထွက်ပြေးပြီ
Mm Translated by @Li_Soung_Oo
Date ; November 8, 2021
=======================ညနေ 11 နာရီခန့် ဝန်းကျင်တွင် Nuonuo
ဟာ ရေချိုးရန် တိတ်တဆိတ် သွားလိုက်
သည်။အသုံးအဆောင် အခန်းတွင် ရေချိုးခန်း
သီးသန့် မရှိပေ။သို့သော် အခြားအခန်းအားလုံးတွင် ,၎င်းကို
သုံးနိုင်သည်။အပြင်တွင် တိတ်ဆိတ်နေသည်။
မှောင်နေပြီး Nuonuo မီး မဖွင့်ဝံ့ပေ။ သူမ
မြန်မြန်ရေချိုးပြီး အသုံးအဆောင် အခန်းသို့
ပြန်လာလိုက်တယ်။ထိုလူ က အေးစက်စက်နိုင်ပြီး
အထီးကျန်ခြင်း နှင့် မှောင်မိုက်ခြင်းများကို
နှစ်သက်သည်။ကြီးမားသော villa ကြီး၏
အပြင်ဘက်တွင် ကိုယ်ရံတော်များရှိသော်
လည်းအတွင်း၌ လူတစ်ယောက်မှ မရှိပေ။
Nuonuo က ပထမဆုံး ချွင်းချက် ဖြစ်သင့်
သည်။သူမ၏မျက်လုံးများကိုပိတ်လိုက်ပြီး သူမကိုယ်
သူမ အိပ်ရန် အတင်းအကြပ် ကြိုးစားလိုက်တယ်။နောက်တစ်နေ့ သူမအတန်းရှိတယ်။
ကောလိပ်ဝင်ခွင့် စာမေးပွဲက ဖြေခါနီး
လာသောကြောင့် စနေနေ့တွင် အားလပ်ရပ်မရှိပဲ တနင်္ဂနွေ နေ့တစ်ရက်သာ အားလပ်ရပ်
ဖြစ်သည်။Nuonuo အိပ်စက်လိုက်သည် သို့သော်
သန်းခေါင်ယံအချိန်တွင် သူမ ဆာလောင်
မွတ်သိပ် စွာနိုးလာခဲ့သည်။သူမ ဗိုက်ဆာလာတဲ့အခါ သူမလက်များ
သည် အမြဲတမ်းတုန်နေတတ်သည်။Nuonuoက သူမမျက်လုံးကို ဖွင့်လိုက်တယ်။
သူမဟာ အဆိုးဝါးဆုံးအခြေအနေများရှိ
သည့် တစ်ဦးတည်သော ကူးပြောင်းသူဖြစ်
ရမည်။Nuonuo ဟာ သူမနူတ်ခမ်းကို ကိုက်လိုက်ပြီး
သူမကိုယ်သူမ မြန်မြန်အိပ်ရန် နှစ်သိမ့်လိုက်
ကာ သူမ ဗိုက်မဆာကြောင်း သူမကိုယ်သူမ
လက်ခံယုံကြည်စေလိုက်တယ်။တိတ်ဆိတ်သောညတွင် ဧည့်ခန်း ၏
ကြမ်းပြင်ပေါ်မှ တစ်စုံတစ်ရာ ထုရိုက်သံကို
သူမကြားလိုက်ရကာ အသံသည် ရှင်းရှင်းလင်း
လင်း ထွက်ပေါ်လာပြီး ချက်ချင်းပင် မြေပြင်
ပေါ်သို့ လေးလံသော အရာဝတ္ထုတစ်ခု ပြုတ်ကျလာသကဲ့သို့ "ဒုန်း"ဟူသော အသံထွက်ပေါ်လာသည်။

أنت تقرأ
✔အာဏာရှင်စီအီးအိုကြီးရဲ့ဇနီးထွက်ပြေးသွားပြီ《မြန်မာဘာသာပြန်》
فكاهة📌Complete 📌 ( ၁၅ ရက်နေ့ စာပြင်ဖို့ Un မှာပါ အခုမှစမှာဆို မဖတ်ပါနဲ့ဦးနော် တန်းလန်းကြီးဖြစ်နေမှာစိုးလို့ပါ တစ်ခါတည်း Ongoing ပြန်လိုက်ပေးရင် ကျေးဇူးတင်မိမှာပါ) This story is not mine , Just translate 😉 Associated Title : 穿成霸总小逃妻 Author : 藤萝为枝 Eng...