Chapter 116
Associated Title : 穿成霸总小逃妻
Author : 藤萝为枝
English Title : Escaped Wife Of a Typrant CEO
English Translation; Wordrain69Myanmar Title; အာဏာရှင် CEO ကြီး၏ဇနီးထွက်ပြေးပြီ
Mm Translated by @Li_Soung_Oo
Date ; December 28 , 2022
=======================
Nuonuo မျှော်ကြည့်လိုက်ရာ တန်ဖိုးကြီး
ဇိမ်ခံကား အတန်းလိုက်ကြီးကို မြင်လိုက်
ရတယ် ။ထို့နောက် သူမရဲ့ အနည်းငယ်ပျော်ရွှင်နေ
တဲ့ မျက်နှာဟာ ချက်ချင်း နာကျင်ပြီး
မတရားခံရသလိုဖြစ်လာရာ ,
ဦးလေး Zhang က သူမဟာ လှပပြီးချစ်စရာ
ကောင်းတယ်လို့ တွေးလိုက်မိတယ် ။Qiu Li က သူမကို ကားထဲတွင် စောင့်နေသည်။
သူမက အနောက်တန်းတွင် ထိုင်လိုက်တယ် ။သူက သူမကို အေးစက်စက်မေးလာတယ်,
" မင်း သောက်လာတာလား ? ဘယ်သူက
မင်းကို သောက်အောင် လုပ်တာလဲ ?"ထိုအချိန်တွင် အရက်က လူများရဲ့ သတ္တိ
ကို ထိုးနှက်နေသည်အား Nuonuo မသိချေ။
သူမရဲ့ ကြီးမားပြီးလုံးဝန်းတဲ့ မျက်လုံး
များက သူ့ကို ကြည့်ပြီး ,
" ကျွန်မ သောက်ချင်တယ် ပြီးရင် ကျွန်မ
သောက်မယ် ..။ ရှင်က ကျွန်မ အဖေ မဟုတ်ဘူး , ဘာလို့ ကျွန်မကို ထိန်းချုပ်နေတာလဲ ?"သူက သူမ မျက်နှာကို အပြုံးတစ်ခုနှင့် ဖျစ်
လိုက်ပြီး နှာမူတ်လိုက်ကာ ,
" ဒီအရက် ပမာဏ က "သူမက သူ့ကို မျက်ရည်စမ်းစမ်းနှင့်
ကြည့်ကာ , " နာတယ် "" မနာသင့်ဘူးလေ "
သူမက ၎င်းကိုတွေးလိုက်ပြီး ခေါင်းငြိမ့်
ကာ , " အို "သူက သူ့မျက်လုံးတွေကို မြှင့်ပြီး နူးညံ့စွာ ပြုံးလိုက်တယ် ။
Qiu Li က သူမထံနီးကပ်လာပြီး သူမကို
ပွေ့ဖက်လိုက်တယ် ။" မင်း ဘယ်လောက်တောင် သောက်ခဲ့တာ
လဲ ?"Nuonuo က ရှင်းရှင်းလင်းလင်း မမှတ်မိနိုင်
ဘူး။ သူမက မူးဝေစွာ ပြန်တွေးလိုက်တယ် ။
ကြည့်ရတာ Lu Xiang က ပထမတွင် သူမကို
သောက်ရန် ခေါ်ခဲ့တယ် ။ နောက်ပိုင်းမှာ
လေထုက ပျော်စရာကောင်းတယ်လို့
သူမ ခံစားလိုက်ရတယ် ။ ထို့နောက်
သူမသောက်လိုက်တာနဲ့ တစ်စုံတစ်ခု
မှားနေသော်လည်း တစ်ငုံစာနဲ့တင် သူမ
ပြီးဆုံးသွားခဲ့တယ် ။

أنت تقرأ
✔အာဏာရှင်စီအီးအိုကြီးရဲ့ဇနီးထွက်ပြေးသွားပြီ《မြန်မာဘာသာပြန်》
فكاهة📌Complete 📌 ( ၁၅ ရက်နေ့ စာပြင်ဖို့ Un မှာပါ အခုမှစမှာဆို မဖတ်ပါနဲ့ဦးနော် တန်းလန်းကြီးဖြစ်နေမှာစိုးလို့ပါ တစ်ခါတည်း Ongoing ပြန်လိုက်ပေးရင် ကျေးဇူးတင်မိမှာပါ) This story is not mine , Just translate 😉 Associated Title : 穿成霸总小逃妻 Author : 藤萝为枝 Eng...