_2_

15.5K 1K 34
                                    

ရုတ်တရက် "မေမေ" ဟုခေါ်လိုက်သောကြောင့် မိုးညရောလင်းဆက်ပါအံ့ဩမိသွားသည်။ကြက်သေ သေနေတဲ့သူကတော့ သီဟပိုင်ပင်။

"ကယ်တင်ရှင်ပေါ်လာပြီတော်ပါသေးတယ်။"

ဒါကတော့သီဟပိုင်စိတ်ထဲတွင်ပြောလိုက်ခြင်း။

မိုးညသန့်စင်‌တစ်ယောက်လင်းဆက်ကိုအတင်းကြပ်ဖက်ထားလိုက်သည်။အိမ်အဝင်ဝလည်းဖြစ်နေတာကြောင့်

"ဟိုလေ ကလေးအပြင်မှာဆိုတော့ အထဲဝင်ရအောင်။"

လင်းဆက်ကပြောလိုက်တော့ထိုကလေးကချက်ခြင်းလင်းဆက်လက်ကလေးကိုတွဲကာဦးဆုံးဧည့်ခန်းကိုဝင်လိုက်သည်။မိုးညကတော့ထူးဆန်းစွာကြည့်နေမိသည်။သားဖြစ်သူရဲ့အပြုမှုတွေကလုံးဝကိုပြောင်းလဲနေတာလေ။

ဧည့်ခန်းထဲသို့ရောက်တော့ ဒေါ်စကားဝါနဲ့သူ့ ယောင်္ကျားဖြစ်သူက ကြိုဆိုကြသည်။သို့ပေမယ့်မိုးညသန့်စင်ကအဖက်ပင်မလုပ် မျက်မှန်လေးကိုပင့်တင်ပြီးလင်းဆက်ပေါင်ပေါ်တွင်ထိုင်နေသည်။

မိုးညကလည်း

"သား နှုတ်ဆက်လိုက်ဦးလေ"

မိုးညသန့်စင်ကတုပ်တုပ်မျှပင်မလှုပ်တာကြောင့် ဒေါ်စကားဝါကစကာ

"ရပါတယ်။သားရယ်မကြာခင်မိသားစုတွေတောင်ဖြစ်တော့မှာပဲ"

ဒေါ်စကားဝါလည်းမိုးညကိုပြုံးရယ်ကာစကားပြောလိုက်သည်။

လင်းဆက်ကိုယ်ပေါ်တွင် လင်းဆက်ကိုအသည်းယားနေတဲ့ထိုကလေးငယ်လေးတကယ်ကိုချစ်စရာလေး။

"မေမေ သားနဲ့အတူတူလိုက်ခဲ့။"

ဒေါ်စကားဝါတို့လင်မယားပင် မိုးညပါအံ့ဩလျက်သား။မိုးညကတော့သူ့သားကိုကြည့်ကာ

"ဒင်းအတွက် အမေများသီးသန့်ရှာပေးလားမှတ်ရတယ်။အရင်ကဖြင့် သူ့ဒယ်ဒီနားကပ်သမျှကိုမောင်းထုတ်ပြီးတော့များ။"

စိတ်ထဲတွင်သာ သားဖြစ်သူကိုကြိမ်းလိုက်သည်။

"ဟမ်...ဟိုလေ အန်တီကနောက်မှလိုက်ပါ့မယ်။"

ထိုအခါပေါင်ပေါ်ကလေးမှချက်ခြင်းစူပုပ်ကာ

"ဘာအန်တီလဲ မေမေပါဆိုနေ...."

𝘏𝘦 , 𝘔𝘺 𝘍𝘢𝘬𝘦 𝘞𝘪𝘧𝘦 // complete//Donde viven las historias. Descúbrelo ahora