ရေခဲ့မုန့်ဆိုင်သို့ရောက်တော့နောက်ကနေတစ်ယောက်ယောက်လိုက်နေတယ်လို့ခံစားရတာကြောင့် လင်းယံလေးကဘုန်းစေလက်ကိုဆွဲကာ
"ဒယ်ဒီသားကြောက်တယ်"
"ဘာဖြစ်လို့လဲ သား"
"သားသားတို့နားတစ်ယောက်ယောက်ရှိနေသလိုပဲ။"
"ရေခဲမုန့်ဆိုင်ဆိုတော့လူတွေများမှာပေါ့သားရဲ့"
လင်းယံလေးကခေါင်းခါကာ
"မဟုတ်ဘူးဒယ်ဒီသား...."
ပြောရင်းကောင်တာမှရေခဲမုန့်ရပြီပြောတော့ ဘုန်းစေကလင်းယံလေးကိုခုံမှာထိုင်စေကာကောင်တာသို့တန်းစီရန်သွားသည်။
ထိုအခါ လင်းယံအနားသို့ hoodieဝတ်ဆင်ထားကာခေါင်းတွင်လည်းဦးထုပ်ဆောင်းထားတဲ့လူတစ်ယောက်ကလာ၍ လင်းယံပါးလေးကိုကိုင်ကာ
"နေကောင်းရဲ့လားသားလေး"
ဒီနွေးထွေးစေတဲ့အသံလေး သေချာပေါက် လင်းယံလေးမှတ်မိတာပေါ့ လင်းဆက်သွင်ပြီးရင် ဒုတိယမြောက်သူအချစ်ဆုံးဟာ သူ့အပြင်ဘယ်သူဖြစ်နိုင်အုံးမလဲ။သူလွမ်းနေခဲ့ရတာထိုအသံလေးရယ်နွေးထွေးတဲ့လက်ကလေးရယ်ကို။ လင်းယံလေးက ထိုလူအားပွေ့ဖက်ထားလိုက်သည်။ခဏကြာတော့ ထိုလူဟာလျင်မြန်စွာပင်ပျောက်သွားတော့သည်။ရေခဲ့မုန့်ခွက်ယူလာကာ လင်းယံနားရောက်တော့လင်းယံလေးဟာထငိုတော့သည်။
"ဖေဖေ့ကိုပြန်ခေါ်ပေး သားကိုထပ်မထားပါနဲ့လိမ္မာပါ့မယ်။"
ဘုန်းစေလည်းရေခဲမုန့်ကိုစားပွဲပေါ်သို့ချကာ လင်းယံလေးကိုဖက်ရင်း
"ရုတ်တရက်ကြီးဘာဖြစ်လို့လဲသားရယ်"
ဘုန်းစေရင်ခွင်ထဲကနေရှိုက်သံလေးဖြင့်
"ခုနကသားဖေဖေနဲ့တွေ့တယ် သားကိုလည်းဖက်သွားသေးတယ်ဟင့်"
ဘုန်းစေလည်းသားဖြစ်သူအားဘယ်လိုနှစ်သိမ့်ရမလဲမသိဖြစ်နေသည်။ဆုံးပါးသွားတဲ့အဖေဖြစ်သူကိုစွဲလန်းလို့ ထင်ယောင်ထင်မှားဖြစ်နေတဲ့သားကြောင့်သူလည်းစိတ်ပင်ပန်းရသည်။ ဘုန်းစေလည်းသားကိုချော့ကာချီ၍ကားပေါ်သို့တက်သွားတော့သည်။