ခါးအောက်ပိုင်းကနာကျင်မှုဒဏ်ကိုအံ့တုပြီး တင်းကြပ်စွာဖက်ခံထားရတဲ့လက်တစ်စုံကိုဖယ်ကာထရန်ပြင်လိုက်သည်။စိတ်ထဲတွင်လည်းအတွေးပေါင်းများစွာကာအပြည့်ဖြစ်နေခဲ့သည်။
ညကသူသေချာမကြားတစ်ချက်ကြားတစ်ချက်များဖြစ်ခဲ့တာလား။သူက သိနေခဲ့တာလားဘာလားဆိုတာသူကိုယ်တိုင်လည်းမသဲကွဲဘူး။ဘယ်လိုပဲဖြစ်ဖြစ်ကိုယ်နဲ့အတူနေတဲ့သူကိုတော့ဘာဆိုတာမသိစရာအကြောင်းတော့မရှိနိုင်ပါဘူး။
ဘဝကဒီလိုနဲ့အဆုံးသတ်သွားမှာတော့မဟုတ်မလား ဆိုးရွားနေတဲ့ကံကြမ္မာကြီးရယ်တစ်ခါလောက်ကံကောင်းပေးပါ။
မသိစိတ်ကနေရေရွတ်ကာဆုတောင်းနေပေမယ့်လည်း လက်တွေ့မှာတော့ဘာတွေဖြစ်လာမယ်ဆိုတာသူမတွေးဝံ့ရဲသေးပါ။
တစ်ဖက်ကသူရဲ့လှုပ်ရွနေသောကြောင့်မိုးညနိုးလာသည်။ ထထွက်ရန်ပြင်နေတဲ့ခါးလေးကိုဖက်ထားလိုက်ရင်း
"ဟိတ်....မင်းဘယ်သွားမလို့လဲ"
လင်းဆက်သွင်လည်းရုတ်တရက်ဆိုတော့ ဘာပြောလို့ပြောရမလဲကမသိနဲ့ မိုးညကသူ ယောင်္ကျားလေးဆိုတာမသိသေးတာလားပဲမသိ။ထိုကြောင့်လင်းဆက်လည်းအလိုက်တသင့်လေး
"၈ နာရီခွဲတော့မယ်လေ အဲ့ဒါကြောင့်ထမှဖြစ်တော့မယ်။"
"ညက ကိုယ့်ကြောင့် ပင်ပန်းနေအုံးမယ်။နားလိုက်ပါအုံး...."
မိုးညကပြောရင်းပင်ဖက်ထားတဲ့ခါးလေးကိုနမ်းကာ တစ်ဖက်သို့လှည့်၍စားပွဲပေါ်တွင်ချွတ်ထားတဲ့ Rolex နာရီအနက်ရောင်လေးကိုပတ်ကာ ကုတင်ပေါ်ကနေထလိုက်သည်။
လင်းဆက်လည်း မိုးညလွှတ်ပေးတော့မှာ ကုတင်အောက်တွင်ပြန့်ကျဲနေတဲ့အဝတ်စားတစ်ချို့ကိုစောင်လေးပတ်ကာကောက်ရန်လုပ်တော့ မိုးညက Bathrobes ကိုယူလာကာလင်းဆက်ကိုပေးလိုက်သည်။
"ဒါလေးဝတ်ထားလိုက်ပါ။မွေ့ယာကိုတော့ထားလိုက် အိမ်ကအလုပ်သမားတွေလဲပေးဖို့ကိုယ်ပြောထားခဲ့လိုက်မယ်။"
မိုးညလှမ်းပေးတဲ့ Bathrobes လေးကိုယူကာဝတ်လိုက်ပြီး ပြန့်ကျဲနေတဲ့အဝတ်စားတွေကိုကောက်သိမ်းယူလိုက်သည်။အိပ်ယာကိုတော့ အလုပ်သမားတွေကိုလဲခိုင်းဖို့အတွက်သူ့အဖို့လုံးဝအဆင်မပြေပါ။ကိုယ်ချင်းနှီးနှောထားတာကြောင့် ဘယ်လောက်တောင်ညစ်ပတ်နေမလဲသူအသိဆုံး။ဒီလိုအရှက်ရစရာကိစ္စကိုသူကပေးသိချင်ပါ့မလား။