_15_

7.7K 441 14
                                    

လင်းဆက်အိပ်ယာကနိုးလာတော့မြင်လိုက်ရသည်က မျက်နှာကျက်အဖြူရောင်များ အားတင်းကာထလိုက်ပြီးသည်နှင့် မြင်လိုက်ရသည်က သူ့ရဲ့ချစ်ရတဲ့သူ မိုးညမင်းချိန်

"ကို ဒီကိုဘယ်လိုလုပ်ပြီး...."

မိုးညလည်းလင်းဆက်ကုတင်နားလေးသို့သွားကာ ပွေ့ဖက်လိုက်သည်။ ကျောပြင်ကိုစိုလာတဲ့အရာတွေကြောင့် သေချာပေါက်မိုးညသိလိုက်ပြီဖြစ်သည်။ ချစ်ရတဲ့သူလေးမှာငိုနေပြန်ပြီဆိုတာ...

"ကို သား ...သားကလေ သွင့်ရဲ့သားလေးမဟုတ်ဘူးတဲ့....အဟင့်!"

"အင်း ကိုယ်သိတယ်။"

"သားအရင်းမဟုတ်ဘူးတဲ့လေ ဘာလို့သွင်ပေါ်မှာဒီလိုတွေဖြစ်နေရတာလဲ။"

တစ်သိမ့်သိမ့်ရှိုက်ငိုနေတဲ့ကောင်ငယ်လေးကိုထွေးပွေ့ထားရင်းနဲ့ပဲကျောပြင်လေးကိုပွတ်သပ်ကာ

"အရမ်းမငိုပါနဲ့ ကိုယ်တို့ကလေးလေး ပင်ပန်းနေပါအုံးမယ်။"

"ကလေးလေး..."

မိုးညငိုနေရင်းမော့ကြည့်လာတဲ့ထိုအလှလေး အား သူမသိသေးတဲ့အမှန်တရားတွေကိုသာထပ်ပြောပြလိုက်ရင်ဖြင့် ဘယ်လောက်
တောင်ရင်နာလိုက်ရမလဲလေ။

"အာ ကိုယ်ပြောဖို့မေ့သွားတာ babyရဲ့ဗိုက်ထဲမှာကိုယ်တို့ကလေးလေးရောက်နေပြီ ၁လတဲ့"

"ဟမ်...."

ထိုအကြောင်းရာတွက်လင်းဆက်မှာငိုရမလာရပျော်ရမလားကိုပင်မသိတော့ပါ။အခုသူအသိချင်ဆုံးကိစ္စကလင်းယံလေးအဆင်ပြေလားနဲ့ ဘာကြောင့် သူ့နားမှာမိုးညရှိနေလဲဆိုတာပဲ။

************
လင်းဆက်မှာ သားဖြစ်သူနဲ့သူတို့နှစ်ဦးလုံးသွေးမတူညီတဲ့ကိစ္စကြောင့် ထိုနေရာတွင်သာ မေ့လဲသွားတော့သည်။ လဲကျနေတဲ့ကိုယ်လေးကိုဘုန်းစေကချီရန်ပြင်တော့ သူတို့အနားကိုရောက်လာတဲ့မိုးညမင်းချိန်ကြောင့်

"မင်းရဲ့လက်တွေနဲ့ ငါ့ချစ်တဲ့သူကိုထိဖို့မကြိုးစားနဲ့ဘုန်းစေယံ။"

"မင်းနဲ့မဆိုင်ဘဲဒီနေရာကိုဘာလုပ်တာလဲမိုးညမင်းချိန်"

"အဟက် အဲ့စကားကိုငါပြောရမှာပါ။မင်းကမှအစကတည်းကငါနဲ့သွင်ကြားမှာမလိုအပ်တဲ့လူပိုအစစ် မဆိုင်တဲ့သူတွေ။"

𝘏𝘦 , 𝘔𝘺 𝘍𝘢𝘬𝘦 𝘞𝘪𝘧𝘦 // complete//Tempat cerita menjadi hidup. Temukan sekarang