ခွဲစိပ်ရတဲ့နေ့တွင် ဘုန်းစေဟာရှိမနေခဲ့ပါ။ မဝင်ခင် ခခလေးကအဲရစ်အနားသို့လာပြီး
"ကိုကိုက မနေ့ညကအရေးကြီးအလုပ်လေးပေါ်လာလို့ ထိုင်းကိုသွားတယ်။"
အရေးကြီးတဲ့ဒီလိုနေ့လေးမှာတောင် ချစ်ရသူလေးဟာသူ့အနားမှာရှိမနေခဲ့ပါ။အဲရစ်အတွက်ဒီထက်အခက်ခဲဆုံးအချိန်မှာတောင် တစ်ယောက်တည်း ရင်ဆိုင်ရသေးတာပဲလေ မထူးဆန်းတော့ပါဘူး။အဲရစ်ကခခလေးကိုပြုံးပြီးကြည့်ကာခေါင်းလေးငြိမ့်၍
"အင်း ရပါတယ်။ အကိုခွဲခန်းဝင်တုန်းလင်းယံလေးကိုဂရုစိုက်ပေးပါ။"
"အကိုစိတ်မပူပါနဲ့ ကိုကိုလည်းအရေးကြီးလို့သာသွားရတာပါ။"
ဒီလိုနဲ့ လူနာကုတင်ပေါ်ကကောင်ငယ်လေးဟာ မှောင်မိုက်နေတဲ့ခွဲခန်းလေးဆီသို့ဦးတည်ကာသွားရတော့သည်။ စိတ်ကူးယဉ်တဲ့အချစ်တွေက လက်တွေ့မဆန်ဘူးဆိုတာသိပေမယ့်လည်း ချစ်မိခဲ့တော့လည်း ခက်လှချေပြီ။
*************
အရေးတကြီးလတ်မှတ်ထိုးစရာရှိတာရယ် ပူပေါင်းဆောင်ရွက်ထားတဲ့ကိစ္စကြောင့် ထိုင်းနိုင်ငံကိုရောက်နေပေမယ့် စိတ်ကတော့ ခွဲခန်းထဲကိုသာရောက်နေတော့သည်။ အဲရစ်အပေါ်သူဆက်တိုက်အမှားတွေကျူးလွန်ခဲ့တာသိပါရက်နဲ့သူကဆက်မိုက်မဲနေဆဲဖြစ်သည်။သူလည်း သူ့စိတ်ကိုမသိနိုင်ဖြစ်နေတော့သည်။တစ်ဖက်ကလုပ်ငန်းရှင်နဲ့ဘုန်းစေလက်ဆွဲနှုတ်ဆက်ပြီး
"ပူးပေါင်းမှု့အတွက် ကျေးဇူးတင်ပါတယ်ဗျ"
ခွဲခန်းထဲသို့ရောက်နေသည်မှာ ၁နာရီကျော် ကြာနေပြီဖြစ်တဲ့အဲရစ်ဟာမျောလွင့်နေတဲ့နေရာတစ်ခုကိုရောက်တော့ သူနဲ့ဘုန်းစေဟာ လှပစွာအပြုံးလေးတွေနဲ့ပြုံးနေကြသည်သတဲ့။ကြည်ပျာရီဝေတဲ့အကြည့်နဲ့ သူ့ကိုကြည့်နေတဲ့ဘုန်းစေ သာယာချိုမြိန်တဲ့အပြုံးလေးနဲ့သူ့ကိုလှပစွာပြုံးပြနေခဲ့သည်။မျောလွင့်နေတဲ့သူရဲ့အိမ်မက်လေးဟာလှပလွန်းခဲ့သည်။
ရုတ်တရက် pressure ကျလာတဲ့လူနာကြောင့်ဆရာဝန်တွေဟာ ကြောင်သွားသည်။ခွဲစိပ်မှု့ဟာ ခက်ခဲလွန်းသည်လည်းမဟုတ်ဘဲ လူနာဟာရုတ်တရက် သွေးခုန်နှုန်းကျလာသည်ကြောင့်အားလုံးပျာယာခက်သွားသည်။