_18_

9.1K 433 22
                                    

Eric -POV

မိုးညတို့အိမ်တွင်တော့ အရင်ကခြောက်ကပ်နေသမျှအခုများကျပြန်တော့လည်း ရယ်သံများပြန့်လွင့်နေသည်။ မိုးညအဖေဖြစ်သူဦးမိုးမင်းမှာလည်း အဖြစ်မှန်တွေကိုပြန်ပြောရင်းသဘောတွေကိုကျနေတာပဲ ဘာတဲ့အတုယောင်လို့ထင်ထားခဲ့တာအစစ်မှန်ဖြစ်နေတာတဲ့။

"ငါ့တော့လူဖြစ်ရကျိုးနပ်ပြီပဲ နောက်ထပ်အဖိုးထပ်ဖြစ်ရတော့မယ်။"

မိုးညနဲ့သားဖြစ်သူကတော့ပြုံးနေကြပေမယ့် ရှက်နေတာကတော့လင်းဆက်သွင်ပင်။

"ငါတို့မိသားစုထဲမှာတော့ လူဦးရေထပ်မတိုးလောက်တော့ဘူးထင်နေတာ သားကိုကျေးဇူးတင်ပါတယ်။"

ဦးမိုးမင်းလည်းသမက်ဖြစ်သူလက်လေးကိုဆုပ်ကိုင်ကာကျေးဇူးတင်ကြောင်းပြောလိုက်သည်။

"လူဦးရေထပ်မတိုးစရလားအဖေရာ ကျွန်တော်တစ်ယောက်လုံးရှိတာ ဘယ်နှယောက်ထပ်တိုးချင်လဲသာပြော"

"ဟေ.."

လင်းဆက်ကမိုးညပေါင်ကိုလိမ်ဆွဲလိုက်သည်။မိုးညကတော့ရှုံမဲ့နေပေမယ့်လည်း

"နာပေမယ့်လည်း ချစ်ရတော့သည်းခံရမှာပေါ့ဗျာ။"

လင်းဆက်ရဲ့လှပတဲ့မျက်စောင်းလေးကတော့
ဒိုင်းခနဲ။

***********
အက်စီးဒင့်ဖြစ်တဲ့နေ့ကပေါ့

"တောင်းပန်ပါတယ်အကိုလေး ကားထဲမှာလင်းယံလေးပါသွား တာမသိလိုက်လို့ပါ။"

အဲရစ်တစ်ယောက်သူလုပ်ခဲ့မိတဲ့အမှားကချက်ချင်းတန်ပြန်သက်ရောက်တာကြုံရတော့ချက်ချင်းကိုဝမ်းနည်းလာသည်။အဝေးကနေပဲကြည့်နေပြီးဘာမှမလုပ်ပေးနိုင်တဲ့သူ့လိုဖခင်မျိုးကအခုသူ့လက်နဲ့သတ်ရသလိုမျိုးဖြစ်နေပြန်ပြီ။

"ဆေးရုံကိုသွားရအောင်"

ဆေးရုံသို့ရောက်တာနဲ့ချက်ခြင်းခွဲစိတ်ခန်းရှေ့မှာရပ်နေချိန်သူနာပြုနဲ့တိုးတော့ အဲရစ်ကသူနာပြုလက်ကိုဆုပ်ကိုင်လိုက်ကာ

"သွေးလိုနေတာ Aသွေးမလား ကျွန်တော်လည်း A သွေးမို့ကျွန်တော့်ဆီကယူလိုက်ပါ။ကျေးဇူးပြုပြီး ကလေးမိဘတွေဆိုတဲ့သူကိုတော့ AB negative လို့ပြောပေးပါဆရာမရယ် ကျွန်တော်တောင်းပန်ပါတယ်။"

𝘏𝘦 , 𝘔𝘺 𝘍𝘢𝘬𝘦 𝘞𝘪𝘧𝘦 // complete//Tempat cerita menjadi hidup. Temukan sekarang