ဘုန်းစေကအိပ်ပျော်နေတဲ့သားလေးကိုချီကာအပေါ်ထပ်အခန်းသို့တက်သွားသည်။မေသွန်းခကတော့ အံဩစွာကြည့်နေပြီး ရပ်ကြည့်နေတဲ့အဲရစ်ကိုအထဲသို့ခေါ်ကာ"ထပ်ဆုံပြန်ပြီဗျ..."
"ဟုတ်ကဲ့ရှင့် ဟိုလေ ညီမလေးအစ်ကိုစားတောင်းပန်ပါတယ်။"
"အာ ဟုတ်ကဲ့...."
အဲရစ်ထိုညီမလေးကိုလည်းကျေးဇူးတင်မိပါသည်။တူလေးအရင်းဆိုတာမသိခင်ကတည်းက လင်းယံပေါ်ကိုတအားကောင်းပေးရှာတာလေ။
"အစ်ကိုရဲ့စိတ်ကိုတစ်ခါတစ်လေခန့်မှန်းဖို့တအားခက်တာ လင်းယံလေးကိုသူတကယ်ချစ်တာပါ။သားအရင်းဆိုတာမသိခင်ကတည်းက...အစ်ကိုကအရင်ကတည်းက ကိုလင်းဆက်သွင်မျက်နှာတစ်ကမ္ဘာထင်ခဲ့တာမို့ စိတ်ပြောင်းဖို့ဆိုတာအချိန်ယူရမှာ။"
"သိပါတယ်..."
မေသွန်းခကအဲရစ်လက်ကိုဆုပ်ကိုင်ကာ
"အကို့အနေနဲကျေးဇူးပြုပြီး ခခအစ်ကိုကိုအရင်လူဖြစ်အောင်ပြန်ပြုပြင်ပေးနိုင်မလား။ လင်းယံလေးရဲ့အဖေအဖြစ်ရော ခခရဲ့အစ်ကိုဖြစ်လာနေပေးနိုင်မလား။ပြီးတော့ အစ်ကိုရဲ့ခင်ပွန်းအနေနဲ့ရောပေါ့..."
သူ့ပေါ်သဘောတူပေးတဲ့မေသွန်းခကိုကျေးဇူးတော့တင်မိပေမယ့်သူကနေချင်အုံးသူကရှိချင်အုံး ကာရံကံရှင်ဖြစ်တဲ့ဘုန်းစေယံကမှမလိုအပ်တာသူကဘာလုပ်ပေးနိုင်ပါ့မလဲ။
"အကိုကြိုးစားခဲ့ဖူးပါတယ်အကြိမ်ကြိမ်အခါအခါပေါ့ ဒါပေမယ့် ဘုန်းစေယံရဲ့ရင်ခွင်ထဲဝင်ရဖို့ကခက်ခဲတယ်။"
"ခခယုံတယ် အစ်ကိုက အကို့ပေါ်ခံစားချက်တွေရှိလာလိမ့်မယ်ဆိုတာကိုပေါ့ အကိုကပဲကျေးဇူးပြုပြီးသည်းခံပေးပါ။"
"သည်းခံပေးခဲ့တာပါပဲ နှစ်ပေါင်းများစွာကြာအောင် ထပ်သည်းခံပေးရုံပဲပေါ့ ချစ်ရတဲ့သူဆိုတော့။"
အောက်ထပ်ကိုပြန်ဆင်းလာတော့ ညီမလေးဖြစ်သူပြောနေတာကိုကြားရတော့ဘုန်းစေလည်းပြောစရာပျောက်နေသည်။အစ်ကိုဖြစ်သူကိုအတင်းထိုးကျွေးနေတာ။
"မင်းပြန်တော့....."
ဘုန်းစေကအဲရစ်ကိုကြည့်ပြီးပြောတော့