_10_ ⚠︎

10.3K 471 26
                                    

ထိုနေ့ကစလိုအမြဲလိုလိုပင်လင်းဆက်သား
ဖြစ်သူနဲ့တွေ့နေမိသည်မှာတစ်ပတ်ပင်ကြာလေပြီ။ဒီနေ့ကတော့မိုးညတောင်ကြီးကနေ
ပြန်လာမယ့်နေ့လေးလဲဖြစ်ပေသည်။မနက်
ရောက်တော့တင်းကြပ်စွာအဖက်ခံထားရတာမို့နောက်သို့လှည့်ကြည့်လိုက်တော့ထင်တဲ့
အတိုင်းချစ်ရသူပင်။လင်းဆက်လည်းမရုန်းမိတော့ဘဲအလိုက်တသင့်လေးနေလိုက်မိသည်။

"ရောက်တာကြာပြီလား။"

"အင်း မင်းရဲ့ကိုယ်သင်းနံ့လေးကိုလွမ်းနေခဲ့ရတာ။ပြီးတော့ ဒီနေရာ ဒီနေရာရောပဲ"

မိုးညကလင်းဆက်ရဲ့ရင်ဘက်ပြီးနောက်တင်ပါးလေးကိုင်ကာပြောလိုက်တော့လင်း
ဆက်က

"ရောက်တာနဲ့လုပ်ပြန်ပြီ။"

လင်းဆက်ပါးလေးကိုမိုးညကနမ်းလိုက်ပြီး

"ချစ်တာကို ကလေးရဲ့။"

"ကလေး ဘာကိုကလေးလဲ"

"ချစ်စနိုးနဲ့ခေါ်တာလေ ကလေး။"

"မကြိုက်ပါဘူး ကလေးဆန်တယ်။"

မိုးညကဟက်ဟက်ပက်ပက်ရယ်ပြီးနောက်
လင်းဆက်ကိုယ်လေးကိုသူ့ဘက်သို့လှည့်ကာ

"ကိုယ်ကတော့ ကလေးဆန်လဲမင်းဖြစ်နေလို့ကိုကြိုက်တယ်။"

"ထတော့ သားကသတိရနေတာ။"

"အင်းပါ ကိုယ်သိတယ်ခဏလေးပေးဖက်"

"ရောက်တာကြာပြီဆို"

"ဟုတ်တယ်လေ။"

"အဲ့တော့ဖက်တာလဲကြာနေပြီမလား
ဖယ်တော့"

လင်းဆက်လည်း မိုးညကိုဖယ်ကာ အောက်
ထပ်သို့ဆင်းကာသွားတော့သည်။ ကျန်ရစ်ခဲ့တဲ့မိုးညကတော့ ပြုံးချင်ပေမယ့်လည်း မပြုံးနိုင်ခဲ့။ဘယ့်နေ့အိမ်ကဆည်းလည်းလေးက
ထွက်သွားမယ်မှမသိတာကို။

မနက်စာဝိုင်းလေးကမနေ့ကထက်တော့ပျော်
ရွှင်စရာဖြစ်နေတာတော့အမှန်ပင်။ဒီနေ့တော့မိုးညကုမ္ပဏီသို့မသွားဘဲအိမ်မှာနေဖို့ဆုံးဖြတ်
ထားလိုက်သည်။ချစ်ရတဲ့သူအနားကပ်နေဖို့အတွက်ပေါ့။သားဖြစ်သူကိုလည်းမူကြိုကိုပို့ပြီးသည်နှင့်လင်းအနားကော်လိုကပ်နေတဲ့သူကြောင့် လင်းဆက်လည်း

𝘏𝘦 , 𝘔𝘺 𝘍𝘢𝘬𝘦 𝘞𝘪𝘧𝘦 // complete//Where stories live. Discover now