_24_

4.2K 214 8
                                    

ခွဲစိပ်ရမယ့်နေ့သို့နီးကပ်လာသည်နှင့်အမျှ ဘုန်းစေတစ်ယောက်ဆေးရုံမှာပဲရှိနေပေးသည်။အဲရစ်ကနှင်ထုတ်လို့လည်းမရ ဒီနေ့တော့မိုးညတို့က အဲရစ်ဆီသို့လာကာ

"နေကောင်းလားအဲရစ် အဆင်ပြေလား"

လင်းဆက်ကမေးလိုက်တော့အဲရစ်ကပြုံးကာ

"ကျွန်တော်အဆင်ပြေပါတယ် ကိုလင်းဆက်ရော မေးစရာတောင်မလိုဘူးပဲမျက်နှာကိုကြည့်တာနဲ့တင်ကျန်းမာလန်းဆန်းတာသိပြီဗျာ။"

လင်းဆက်နဲ့အဲရစ်ပြောနေချိန် ဘုန်းစေကဆိုဖာတွင်ပဲထိုင်နေတော့ မိုးညက ဘုန်းစေနားသွားကာ

"ကျွန်တော်တို့ခဏလောက်စကားပြောလို့ရမလား။"

ဘုန်းစေကခေါင်းငြိမ့်ပြလိုက်ပြီးသည်နှင့်သူတို့နှစ်ဦးအပြင်သို့ထွက်သွားသည်။လင်းဆက်ကတော့ အဲရစ်နားနေပေးလိုက်သည်။ အရင်ကထက်ပိန်သွားတဲ့အဲရစ်ကိုကြည့်ပြီး လင်းဆက်လည်းစိတ်မကောင်းဖြစ်မိတာအမှန် ပြီးနောက်ပိုဆိုးတာက ကိုယ်ချစ်ရတဲ့သူကပါ ဥပေက္ခာပြုထားတော့ ဘယ်လောက်အားငယ်နေရှာလိုက်မလဲ။

*****************
"ကျွန်တော့်ကိုဘာပြောချင်လို့ခေါ်တာလဲ"

ဘုန်းစေကမိုးညကိုကြည့်ပြီးမေးလိုက်တော့ မိုးညက

"ကျွန်တော်သူများကိစ္စတွေဝင်ပါရတာသဘောမကျပေမယ့် အဲရစ်ကိုသနားမိလို့ ပြောချင်လို့ပါ။ မင်းလုပ်နေတာတွေကိုမှန်တယ်လို့ထင်နေသေးလားဘုန်းစေ မင်းလင်းဆက်ကိုချစ်တယ်ဆိုရင် တစ်ဖက်သူနာကျင်ခံစားရတာမင်းမြင်ရင် မခံစားနိုင်ဘူးမလား။အဲရစ်ကျတော့ သူချစ်ရတဲ့သူကိုယ်တိုင်ကသူ့ပေါ်ကိုဒီလိုတွေလုပ်ထားတာမခံစားရဘဲနေမလား။ ကိုယ်ချစ်ရတဲ့သူကိုယ့်ကိုပြန်မချစ်တာဘယ်လိုခံစားရတယ်ဆိုတာအားလုံးထက်မင်းအသိဆုံးဖြစ်မှာပါ။ မင်းရဲ့သားလေးနဲ့အတူတူ အဲရစ်ရောမိသားစုတစ်ခုထူထောင်လိုက်ပါ။"

ဘုန်းစေက မိုးညမျက်နှာကိုစိုက်ကြည့်ပြီး

"မိုးညမင်းချိန် မင်းကတော့ချစ်ရတဲ့သူနဲ့အတူတူရှိနေရလို့ ဒီလိုတွေပြောနိုင်တယ်ဆိုပေမယ့် ငါခံစားရတာမင်းမသိပါဘူး ငါနှစ်ပေါင်းများစွာမထင်ထားခဲ့ရတဲ့သူနဲ့ ကလေးတောင်ရှိနေပြီး အဲ့ကလေးကငါမွေးစားထားတာငါ့အနားမှာတစ်ချိန်လုံးရှိနေခဲ့တာလေ ငါမသိခဲ့ရဘူး။ပြီးတော့အခုလိုပြန်တွေ့ရတော့ အဲရစ်ဖြစ်နေခဲ့တယ်။"

𝘏𝘦 , 𝘔𝘺 𝘍𝘢𝘬𝘦 𝘞𝘪𝘧𝘦 // complete//Where stories live. Discover now