_12_

6.7K 421 35
                                    

" DNA စစ်တာသိရပြီလား"

"ဟုတ်ကဲ့ သူဌေး"

မိုးညလက်ထဲတွင်ရှိနေသော DNA စာရွက်လေးတစ်ရွက် ထိုစာရွက်လေးကိုကြည့်လိုက်မိတော့ သားဖတော်စပ်ခြင်းမှာ 0% ဟူသောနေရာလေးကိုမြင်မိမှ

"မတော်စပ်ဘူးပဲ"

အတွင်းရေးမှူးဖြစ်သူကသူဌေးဖြစ်သူကိုနားမလည်တဲ့ပုံစံဖြင့်ကြည့်ကာ

"သူဌေး သားဖမဟုတ်ဘူးဆိုတာအကိုလေးကိုပြောလိုက်ပါလား။"

"အချိန်တစ်ခဏလောက်လွှတ်ထားပေးလိုက်ပါ သွင်လည်းအတော်ကိုပင်ပန်းနေပြီ။ ကြားထဲ သွင့်ရဲ့ဦးလေးဆိုတဲ့သူကိုရအောင်ရှာ"

"ဟုတ်ကဲ့ သူဌေး ခုနကစံအိမ်ကဖုန်းလာပါတယ် မိုးညသန့်စင်လေးတစ်ယောက် ငိုတာအခုထိမရပ်ပါဘူးတဲ့။"

"အရေးကြီးကိစ္စတွေမရှိရင်ဖျက်လိုက်တော့ အိမ်ပြန်ရအောင်။"

"ကောင်းပါပြီသူဌေး။"

BMWကားလေးမှာ စံအိမ်ဘက်သို့တစ်ရွေ့ရွေ့မောင်းနှင်လာခဲ့သည်။အထီးကျန်စွာဖြင့်ပေါ့

အိမ်ရှေ့ဝတွင် ခခလက်လေးကိုတွဲထားတဲ့က
လေးငယ်လေးတစ်ယောက်အငြိမ်မနေ
နိုင်တော့ဘဲလှုပ်နေလေသည်။ထိုအခါ ခခလေးကထိုကလေးကိုငုံ့ကြည့်ကာ

"အဲ့လောက်တောင်ပျော်ရတာလား။"

"ဟုတ်တယ်တီတီလေးဖေဖေကလေစတွေ့
ကတည်းကသားပေါ်အရမ်းကောင်းတာ ချစ်လည်းချစ်တယ်။"

"အဲ့ဆို လိမ္မာစွာနေ"

"ဟုတ်တီလေး"

အိမ်ရှေ့သို့ဆိုက်ရောက်လာတဲ့ကားလေးအနားသို့အပြေးလာကာထွက်ကြိုနေတော့ ကားပေါ်ကနေ လင်းဆက်တစ်ယောက်ဆင်းကာ သူ့ရှေ့ကကလေးငယ်လေးကိုပွေ့ဖက်လိုက်
သည်။

"ဖေဖေကိုသားအရမ်းလွမ်းနေတာ ဒီတစ်ခါအကြာကြီးနေမှာမလား။"

"အွန်း ဒါပေါ့ သားလေးနဲ့နေမှာ"

"ရေး တီတီဒါသားဖေဖေလေချောတယ်မလား။"

ခခလေးမှာခဏကြာလင်းဆက်သွင်ကို
ကြည့်လိုက်မိသည်။ ဆံပင်ရှည်လေးကိုထုံးထားပြီး ရိုးရှင်းစွာဝတ်ထားတာတောင်
ယောက်ကျားလေးတစ်ယောက်အဖို့ချောလှသည်။ဒါကြောင့်လည်းအစ်ကိုဖြစ်သူမှာလက်
မလွှတ်နိုင်တာဖြစ်နိုင်လေမည်။

𝘏𝘦 , 𝘔𝘺 𝘍𝘢𝘬𝘦 𝘞𝘪𝘧𝘦 // complete//Où les histoires vivent. Découvrez maintenant