_20_

5.5K 260 3
                                    


အဲရစ်ကတော့ပြောတဲ့အတိုင်းလင်းယံလေးကိုခေါ်ဆောင်သွားခဲ့သည်။ဘုန်းစေတားမိလားဆိုရင် ဟင့်အင်းသူမတားမိပါ။ခဏလေးအတွင်းဘာတွေဖြစ်သွားတယ်ဆိုတာသူကိုယ်တိုင်တောင်မသိတော့တဲ့အထိပဲ လင်းယံလေးကတကယ်ပဲသူ့သားအရင်းလားဆိုတာကိုတော့သူလက်ခံနိုင်ဖို့မဖြစ်နိုင်သေးပါ။
.......................
လင်းဆက်သွင်တစ်ယောက် ဒီရက်ပိုင်း လင်းယံလေးကိုသတိရနေမိသည်။ဘယ်လိုပဲဖြစ်စေကာမှု ကလေးဆိုတာဘာမှသိတာမှမဟုတ်တာ အခုသူရောအဆင်ပြေပါ့မလားဆိုတာပဲ။ဧည့်ခန်းထဲမှာငူငူကြီးထိုင်နေမိတဲ့ လင်းဆက်အနားကိုမိုးညက ဖြေးဖြေးချင်းလျှောက်လာပြီး နောက်ကနေ ပွေ့ဖက်လိုက်တော့

"ဘုရား... လန့်လိုက်တာ လူကိုအသံမပေးဘာမပေးနဲ့ အလုပ်မလုပ်ဘူးလား"

မိုးညက လင်းဆက်ဘေးတွင်ထိုင်ကာမေးစေ့လေးကိုပင့်ကိုင်ပြီး

"အိမ်သူလေးက စိတ်မပျော်တဲ့ပုံလေးပေါက်လို့ပြန်လာခဲ့တာလေဗျာ ဘာတွေငေးမှိုင်နေရတာလဲ"

လင်းဆက်ကထိုအခါမိုးညမျက်နှာကိုသေချာစိုက်ကြည့်ပြီးငိုချလာတော့သည်။ရုတ်တရက်ကြီးငိုချလာတဲ့လင်းဆက်ကြောင့် မိုးညလည်းဘယ်လိုလုပ်ရမလဲကိုမသိတော့ပါ။သူလည်းဘာမှမလုပ်ပါဘဲငိုချလာတဲ့ကောင်ငယ်လေး

"ဟော ဘာတွေဝမ်းနည်းနေရတာလည်းဗျာ ဗိုက်ပူလေးငိုရင်ဗိုက်ထဲကသူလေးပါရုပ်ဆ်ိုးမှာနော်"

လင်းဆက်ကမိုးညရင်ဘက်ကိုထုရိုက်လိုက်ကာ

"လူယုတ်မာ ဘာကိစ္စရုပ်ဆိုးရမှာလဲ ဟင့်.. လင်းယံလေးသနားပါတယ် သူ့နဲ့တွေ့ချင်တယ်လို့။"

နောက်ဆုံးတော့ငိုရတဲ့အကြောင်းရင်းသိခဲ့ပြီ ဟိုကလေးငယ်လေးကိုသံယောဇဉ်တွယ်နေရှာတာကို ဗိုက်ပူလေးကတောင်းဆိုတော့လည်းသူကမဖြည့်ပေးနိုင်စရာလား။

"ဟုတ်ပြီဗျာ မငိုနဲ့တော့ လိမ္မာတယ် တွေ့ချင်တယ်မလား တစ်ခုတော့ရှိတယ်"

လင်းဆက်ကရှိုက်သံလေးနဲ့

"ဘာတွေအကျပ်ကိုင်မလို့လဲ"

မိုးညကပြုံးရယ်လိုက်ကာ လင်းဆက်ပါးပေါ်ကမျက်ရည်လေးကိုသုတ်ပြီး

𝘏𝘦 , 𝘔𝘺 𝘍𝘢𝘬𝘦 𝘞𝘪𝘧𝘦 // complete//Where stories live. Discover now