_14_

6.3K 404 2
                                    

သီဟပိုင်တစ်ယောက် ရေးကြီးသုတ်ပျာဖြင့် အခန်းထဲသို့ဝင်လာခဲ့သည်။

"သူဌေး တွေ့ပြီ။"

မိုးညကမောပန်းနေတဲ့သူကိုကြည့်ရင်းဘယ်သူ့ကိုလဲဆိုတဲ့ပုံစံဖြင့်မေးတော့

"ကိုလင်းဆက်သွင်ဦးလေးကို"

"ဘာ....သူ့ကိုအခုချက်ခြင်းငါနဲ့တွေ့ဖို့လုပ်"

"ဟုတ်ကဲ့ကောင်းပါပြီ။"

**********
တစ်လကျော်ကြာမြင့်နေပြီဖြစ်တဲ့ လင်းဆက်နဲ့ဘုန်းစေဆက်ဆံရေးမှာလည်း ကောင်းလာဖို့ထက်ပိုပြီးဆိုးလာသည်။ဘုန်းစေရဲ့ လင်းယံလေးပေါ်ဆက်ဆံပုံကလည်း သူစိမ်းဆန်လှပြန်သည်။ဒါတွေကို လင်းဆက်လုံးဝမကြိုက် ကလေးငယ်ဘယ်လောက်ခံစားရလိုက်မလဲ။

အခုလည်း လင်းယံလေးဖြစ်သူနေမကောင်း
ဖြစ်နေတာတောင် ဘုန်းစေကနည်းနည်းလေးမှစိတ်ပူဟန်မပြ။

"ဘုန်းစေ သားကမင်းကိုမေးနေတယ်။"

စာကြည့်ခန်းထဲတွင်စိတ်ရှုပ်နေဟန်ဖြစ်နေတဲ့ဘုန်းစေနားသို့လင်းဆက်ကသွားပြီးပြော
လိုက်တော့

"သွင်ရှိတာပဲမလား မောင်ဒီရက်ပိုင်းအရမ်းစိတ်တွေရှုပ်နေလို့ပါ။"

"မင်းစိတ်ရှုပ်နေတယ်ဆိုတောင် သားတစ်ယောက်လုံးကနေမကောင်းဖြစ်နေတာလေ ဂရုမစိုက်ရင်တောင်သားနဲ့တွေ့သင့်တယ်။"

မကြည်လင်တဲ့စိတ်တွေကြောင့်ဘုန်းစေမှာ
လည်းဆံပင်ကိုဖွကာ လင်းဆက်အားလေသံအနည်းငယ်မာ၍ပြောလိုက်မိသည်။

"မောင်အရမ်း စိတ်ရှုပ်လို့ ခဏထွက်သွားပေးစမ်းပါ!"

အသိစိတ်မရှိတဲ့ပုံဖြစ်နေတဲ့ဘုန်းစေကိုလင်းဆက်ဒေါသထွက်ရုံမှတစ်ပါးဘာမှမပြော
ချင်တော့တာတော့အခန်းပြင်သို့ထွက်လာခဲ့
သည်။

သားဖြစ်သူအခန်းထဲကိုသွားတော့ကွေးကွေးလေးအိပ်နေတာမြင်မှ ဘုန်းစေကိုပို၍တောင်ဒေါသထွက်မိသေးပြန်သည်။

"ဖေဖေရှိတယ်နော်သားလေး ....."

သားအခန်းထဲကထွက်တော့ ခခလေးကို
မြင်ပြီး

"ဘုန်းစေရော.."

"အရေးကြီးကိစ္စရှိလို့ဆိုပြီးအပြင်သွားတယ်အစ်ကို..."

𝘏𝘦 , 𝘔𝘺 𝘍𝘢𝘬𝘦 𝘞𝘪𝘧𝘦 // complete//Donde viven las historias. Descúbrelo ahora