_9_

7.4K 462 15
                                    

"သီဟပိုင်"မနက်မိုးလင်းသည်နှင့်သူဌေး
ထက်မအားလပ်သည်က မိုးညရဲ့လက်
ထောက်ပင်ဖြစ်သည်။

"ဟုတ်ကဲ့ဘာများပြောစရာရှိလို့လဲ"

"သွင့်အကြောင်းစုံစမ်းတာဘာသိရသေးလဲ"

ထိုအခါသီဟပိုင်ကခေါင်းခါလိုက်ကာ

"ဘာကြောင့်မှန်းမသိပေမယ့်စုံစမ်းဖို့အတော်
ခက်တယ်သူဌေး တတ်နိုင်သလောက်တော့
စုံစမ်းနေပါတယ်။"

မိုးညကခုံပေါ်တွင်မှီချလိုက်ကာမျက်စိ
စုံမှိတ်ပြီး

"အလုပ်တွေဘယ်နေ့ပြီးမှာလဲ ငါလွမ်းနေပြီ"

မိုးညကစိတ်ရင်းအမှန်စကားတွေပြောနေပေ
မယ့်သီဟပိုင်ကတော့ပိုရန်ကောဟူ၍သာ

~~~~~~~~~~~
မိုးညခရီးသွားသည်မှာ ၃ရက်ကြာတဲ့နေ့လေး ညဘက်ရောက်တော့ Video call ပြောချိန်တန်ပြီဖြစ်တာကြောင့် မိုးညသန့်စင်တစ်
ယောက်ဖင်တကြွကြွဖြစ်နေတော့သည်။ poo ညအိပ်ဝတ်စုံလေးကိုဝတ်ကာအရုပ်လေးကို
ပိုက်ပြီးပြေးလာကာလင်းဆက်သွင်
ပေါင်ပေါ်သို့ထိုင်လိုက်သည်။

"ပါးပါးရေ ဒယ်ဒီမခေါ်သေးဘူးလား သားသားအိပ်ချင်လာပြီ"

လင်းဆက်တစ်ယောက် သားဖြစ်သူကို
အသည်းယားစွာပါးလေးကိုညစ်လိုက်သည်။ခဏအကြာတော့ VC call လေးမှာ MacBook ထံသို့ဝင်လာတော့သည်။တစ်ဖက်ကအခန်းထဲမှာ Bathrobes  နဲ့မိုးညက ချစ်ရတဲ့သူနှစ်
ယောက်ကိုမြင်တော့ပြုံးလိုက်ကာ

"သားအိပ်ချင်နေတာလား ဒယ်ဒီလည်းအခုမှအားလို့ပါကွာ"

မိုးညသန့်စင်တစ်ယောက်မျက်မှန်အဝိုင်းလေးကိုချွတ်ကာမျက်လုံးလေးပွတ်ရင်း

"ဒယ်ဒီကသားသားကိုလိမ်တယ် ၈ နာရီဆက်ပါဆိုတာကို ၁၀ နာရီမှဆက်တယ်ဟွန်း"

လက်ကလေးပိုက်ကာနှုတ်ခမ်းတထော်ထော်နဲ့ပြောနေတဲ့ခွေးပေါက်လေးကတကယ်ချစ်စရာအတိ။

"ဟုတ်ပါပြီဗျာ ဒယ်ဒီကတောင်းပန်ပါတယ်။ကဲ ဒယ်ဒီကိုရောမလွမ်းဘူးလား"

ထိုအခါခေါင်းလေးခါလာသောသားဖြစ်သူကြောင့်မိုးညမှာကြောင်အမ်းလျက်အရင်ကသားဖနှစ်ယောက်တည်းရှိတာမို့ အလွမ်း
သယ်ကြရပေမယ့်အခုကျမိသားစုဝင်တစ်
ယောက်တိုးလာတာကြောင့် အချစ်တွေ
တောင်ပြောင်းကုန်ပြီထင်ပါရဲ့။

𝘏𝘦 , 𝘔𝘺 𝘍𝘢𝘬𝘦 𝘞𝘪𝘧𝘦 // complete//Wo Geschichten leben. Entdecke jetzt