မနက်စောစောစီးစီးနိုးထလာချိန်တိုင်းခါးသွယ်လေးထက်တွင်လက်တစ်စုံဟာအမြဲရှိနေတတ်သည်။ လည်ပင်းနားထက်သို့အသက်ရှုလေငွေ့ရောက်လာတော့မှ ဘေးကနာရီကိုလှမ်းကြည့်လိုက်ရသည်။အချိန်အားဖြင့် ၇ နာရီအတိ။
"ကို နည်းနည်းလွှတ်ပေးအုံး ထရတော့မယ်။"
အနည်းငယ်ငြီစူကာ ခါးကိုပိုတင်းကြပ်စွာဖက်၍ဂုတ်လေးကိုနမ်းလိုက်သည်။မိုးညနဲ့သူ အခုနောက်ပိုင်းအတော်ကိုယ်လက်ရင်းနှီးလာကြသည်။သို့ပေသော်ညားအဆင့်တော့မကျော်သေးပါ။မိုးညဘက်ကတောင်းဆိုလာရင်တော့သူလည်းငြင်းနိုင်မယ်မထင်ပါသူလဲလူသားပဲဟာ။
ဒီလောက်သူ့ပေါ်ကိုဂရုစိုက်ပေးတဲ့အမျိုးသားကိုသူကလက်လွှတ်နိုင်ပါ့မလား။ပထမဆုံးရင်ခုန်သံလေးကသူနဲ့ကျမစတင်လာတာမျိုး။တကယ်လို့သူက မိန်းကလေးမဟုတ်ဘဲ ယောင်္ကျားလေးဆိုရင်ရောသူကလက်ခံပေးပါ့မလားဒီလိုတွေးမိပြန်တော့လည်းလင်းဆက်စိတ်မကောင်းပြန်ပါ။ဒါတွေကတော့အမြဲတမ်းလင်းဆက်အဖို့တွေးနေရတဲ့အရာတွေပင်။
ရုတ်တရက်တံခါးခေါက်သံကြားလိုက်တော့မိုးည လင်းဆက်ကိုဖက်တာလွှတ်ပြီးမျက်မှောင်ကျုံ့လိုက်ကာ
"ဘယ်သူလဲ ခဏ ငယ်အိပ်နေကိုယ်သွားလိုက်မယ်။"
"အင်း..."
မိုးညလည်းကုတင်ဘေးက Bathrobes ကိုဆွဲယူကာဝတ်ပြီးအခန်းတံခါးဆီသို့သွားလိုက်သည်။မနေ့ညက မိုးည တစ်ယောက်မူးပြီးအဝတ်ချွတ်ဖြင့်သာအိပ်လိုက်ရခြင်း လင်းဆက်လည်းမူးနေတဲ့သူကိုအင်္ကျီမဝတ်ပေးဘဲလွှတ်ထားလိုက်တော့သည်။
တံခါးဖွင့်ကြည့်လိုက်တော့ ဆံကောက်မျက်မှန်ကလေးငယ်လေးပင်။မျက်နှာကစူပုပ်နေပြီးတံခါးဖွင့်လိုက်သည်နှင့်ချက်ခြင်းအခန်းထဲသို့ဝင်လာလိုက်သည်။
အိပ်ရာပေါ်က လင်းဆက်ကိုမြင်တော့ဆံကောက်လေးပြေးတက်ကာ
"မေမေရေ ဒီနေ့အပြင်သွားရအောင် ကျောင်းပိတ်တယ်။"
လင်းဆက်ကိုဖက်ပြီးကပ်ချွဲနေတဲ့သူက မိုးညသန့်စင်ဟုတ်ရဲ့လားလို့တောင်ဖခင်ဖြစ်တဲ့မိုးညမင်းချိန်မှာသေချာကြည့်ယူရတယ်။