_17_

7.1K 402 20
                                    

လင်းယံလေးနိုးလာပြီးအတော်ကြာတဲ့အထိ လင်းဆက်လေးက်ိုမေးမိနေတုန်း ဆေးရုံပြတင်းပေါက်အပြင်ဘက်ကငှက်လေးတွေကိုငေးကြည့်နေရင်းအခန်းထဲသို့ဝင်လာတဲ့သူတစ်ယောက်ကြောင့်

"ဦးဦးကဘယ်သူလဲ ဒီကိုဘာလာလုပ်တာလဲ။"

သူစိမ်းကိုမြင်ပေမယ့်မကြောက်ရွံ့ဘဲမေးတတ်တဲ့ထိုကလေးငယ်လေးက တကယ်ကိုဘုန်းစေရဲ့သွေးအပြည့်ပဲ။အဲရစ်ကထိုကလေးငယ်လေးအနားအားသွားကာ လက်ဖျားလေးကိုကိုင်၍

"ဖေဖေတောင်းပန်ပါတယ်ကလေးငယ် ဖေဖေကြောင့် ဒီလိုမျိုးဖြစ်ရတာပါ။"

အဲရစ်က လင်းယံလေးကိုဖက်ရင်းငိုကာပြောတော့လင်းယံလေးက လက်သေးသေးလေးဖြင့် အဲရစ်မျက်နှာပေါ်ကမျက်ရည်လေးကိုသုတ်ကာ

"ဘာလို့ငိုနေတာလဲဦးဦး..."

"သားလေးအဆင်ပြေတာမြင်တော့ ပျော်လွန်းလို့ ငိုမိတာပါကွာ။"

၆နှစ်တာလုံး သားဖြစ်သူကိုအဝေးကနေပဲကြည့်နေရတဲ့သူ့ဘဝက တကယ်ကိုရှင်ရက်နဲ့ငရဲကျနေတာနဲ့ဘာထူးလိုက်မလဲ။အဲရစ်ရဲ့အဖေဖြစ်သူက အဲရစ်ရဲ့ဖြစ်တည်မှု့ကိုတင်းကျပ်ဖုံး
ကွယ်ပြီးအဲရစ်ကို ဖိအားများစွာသာပေးခဲ့သည်။

လင်းဆက်နဲ့မိုးညမင်းချိန်တို့မှားတဲ့နေ့ကပေါ့ Barမှာမူးနေတဲ့ဘုန်းစေနားသွားပြီး အဲရစ်က
နှစ်သိမ့်ပေးခဲ့သည်။ အဲရစ်နဲ့ဘုန်းစေဆိုတာ အိမ်နီးနားချင်းဖြစ်ပြီး ဘုန်းစေကိုအဲရစ်မှာတစ်ဖက်သတိကြိုက်နေရတဲ့သူလည်းဖြစ်ပေသည်။ အဲရစ်ရဲ့ဖခင်ဖြစ်သူကြောင့် အဲရစ်မှာသူ့ရဲ့ခံစားချက်တွေကိုထိန်းသိမ်းခဲ့ရသည်။

ထိုနေ့ညမှာတော့ နှစ်ဦးသား အမှားမဟုတ်တဲ့အမှားတစ်ခုကိုလှပစွာကျူးလွန်ခဲ့မိသည်။ထိုအမှားတစ်ခုကနေ အမှန်တစ်ခုဟာ လှပစွာထွက်ပေါ်လာသည်။ဒါကတော့လင်းယံလေးဖြစ်
သည်။

အဲရစ်မှာလင်းယံလေးရှိတဲ့နေ့ကစပြီး အိမ်ကနေအဝေးဆုံးတစ်နေရာကိုထွက်ပြေးခဲ့သည်။အဲရစ်ရဲ့ဖခင်သာ သားဖြစ်သူကိုတားနေချိန်ကြားထဲကနေဒီလိုဖြစ်တာကိုသိရင် နှလုံးရောဂါပိုပြီးဆိုးသွားနိုင်သည်။ဒီတော့သူအရာအားလုံးနဲ့
ထွက်ပြေးခဲ့မိသည်။ဘုန်းစေကိုလည်းသူဘယ်လိုမှပြောမထွက်နိုင်ခဲ့ပါ။ဘုန်းစေလိုမျိုး လင်းဆက်ဆိုတဲ့သူအားချစ်နေသည်ကိုသူကဘယ်လိုစိတ်မျိုးနဲ့ပြောထွက်နိုင်ခဲ့ပါ့မလဲ။

𝘏𝘦 , 𝘔𝘺 𝘍𝘢𝘬𝘦 𝘞𝘪𝘧𝘦 // complete//Donde viven las historias. Descúbrelo ahora