_26_

4.5K 232 9
                                    

အဲရစ်ရဲ့နောက်ဆုံးခရီးဟာလည်း လူအနည်းကျဉ်းဖြစ်သာပြီးဆုံးသွားခဲ့သည်။ဘုန်းစေဟာ အဝေးကနေသာရပ်ကြည့်နေရင်းဖြင့်

"တောင်းပန်ပါတယ် တကယ်လို့မင်းသာရှိနေမယ်ဆိုငါမင်းကိုချစ်ကြည့်တော့မှာ မင်းတအားမိုက်ရူးရဲဆန်လွန်းတယ်။"

လင်းဆက်ဟာလင်းယံလေးကိုဖက်ပြီးဝမ်းနည်းနေခဲ့သည်။လူကြီးတွေကြောင့်ဘာမှမသိနားမလည်သေးတဲ့ကလေးငယ်မိဘနဲ့သေကွဲကွဲပြန်သည်။ဘယ်ကနေစမှားလဲမသိကြပေမယ့် နှစ်ဦးလုံးဟာ မိုက်ရူးဆန်တယ်လို့ပြောရုံမှအပ မတတ်နိုင်တော့။ခခလေးက လင်းဆက်နားကိုလာကာ

"ကျေးဇူးပါ အကို ပြီးတော့ ကျွန်မအစ်ကိုအစားထပ်တောင်းပန်ပါရစေ။"

လင်းဆက်ကခေါင်းလေးငြိမ့်ကာ

"ကျွန်တော့စိတ်ထဲဘာမှမရှိတော့တာမို့ မေ့ထားလိုက်လင်းယံလေးကိုရော ညီမပဲစောင့်ရှောက်မှာမလား"

"ဟုတ်ကဲ့ ကျွန်မ အစ်ကိုကလင်းယံလေးကိုသေချာစောင့်‌ရှောက်မှာပါ။"

မိုးညကလင်းဆက်ကိုယ်လေးက်ိုဖက်ပြီးထိုနေရာကနေထွက်သွားတော့သည်။လင်းယံလေးဟာလည်း မျက်ရည်လေးတွေဝဲနေကာ ခခလေးအားဖက်ထားလိုက်သည်။

ထိုနေ့မှစ၍ (၃)လကြာပြီးသည်အထိ ဘုန်းစေဟာ အလုပ်ကိုဖိလုပ်ရင်း အရက်တွေသာ သောက်နေမိသည်။တစ်ခါတစ်ရံလည်း အိပ်ခန်းထဲမထွက်ဘဲနေ၏

၅လဝင်ခါနီး ဗိုက်လေးပေမယ့် အလွန်ပူနေတာမျိုးမရှိဘဲလုံးလုံးကျစ်ကျစ်သေးသေးလေးနဲ့လင်းဆက်ဟာ တစ်မျိုးလေးလှနေပြန်သည်။မြတ်နိုးရတဲ့ဆံပင်ကိုလည်းညှပ်ဖြင့်မယ်တော့သူမထင်တော့ပါ။ ပြောရရင် မိန်းကလေးလိုနေလာရသည်မို့အသားကျနေတာဖြစ်မည်။ ဗိုက်လုံးကိုကိုင်ရင်း ရေကူးကန်နားလမ်းလျှောက်နေတဲ့လင်းဆက်နား မိုးညက ရောက်လာပြီး လင်းဆက်ကိုယ်လေးကိုနောက်ကနေဖက်လိုက်တော့

"လန့်လိုက်တာကိုကိုရာ"

လင်းဆက်ပါးလေးကိုမိုးညကနမ်းရင်းဖြင့်

"ကိုကိုပြောထားတယ်လေနော် ရေကူးကန်ဘေးမလျှောက်ပါနဲ့လို့။"

𝘏𝘦 , 𝘔𝘺 𝘍𝘢𝘬𝘦 𝘞𝘪𝘧𝘦 // complete//Where stories live. Discover now