ရေခဲမုန့်ဆိုင်အနားသို့ အတွင်းရေးမှူးကလာကာထိုလူအားတွဲပြီး"သူဌေးရာနေကောင်းသေးတာလည်းမဟုတ်ဘဲ အပြင်ဘာလို့ထွက်လာရတာလဲ။"
ထိုကောင်လေးဟာဦးထုပ်ကိုချွတ်ကာ
"ငါ့သားလေးနဲ့တွေ့ချင်လို့ပါကွာ ၊ သူငိုနေတာသိလားငါ့ပုံလေးကိုကြည့်ရင်းပေါ့။"
ဘာဆက်ပြောရမလဲပင်သူတကယ်ကိုမသိတော့ နောင်တရစေချင်တယ်ဟု့ဆိုတာဇာတ်လမ်းထွင်ပြီး ရက်(၁၀၀)လောက်မှာပင်မှု လူလုံးထွက်ပြနေတဲ့သူဌေးကြောင့်သူလည်းစိတ်ညစ်နေရသည်။
***********
Flashback startOperation မဝင်ခင် ၂နာရီအလို အဲရစ်အခန်းထဲသို့မိုးညကဝင်လာကာ
"ကိုအဲရစ် အဆင်ပြေဖို့ကျွန်တော်ဆုတောင်းပါတယ်။"
"ကျေးဇူးတင်ပါတယ် ကျွန်တော်ခေါ်တာလာပေးလို့"
"ဟုတ်ကဲ့ပြောပါ ကျွန်တော်ဘာကူညီရမလဲ။"
အဲရစ်ကမိုးညအနားလာကာ
"ကျွန်တော်သေချင်လို့ သေပြီလို့ ကျေးဇူးပြုပြီးဘုန်းစေကိုယုံကြည်အောင်လုပ်ပေးပါ။"
"ဒီကိစ္စအတွက်နဲ့ဘာလို့ကျွန်တော့်ကိုအကူညီတောင်းရတာလဲ။"
"ခင်ဗျားလိုလူကူညီမှအဆင်ပြေမှာမို့လို့ပါ သူ့ကိုနောင်တရစေချင်တာမို့။"
မိုးညလည်းသူ့ရှေ့ကအဲရစ်ကိုသနားတာမို့ကူညီဖို့ဆုံးဖြတ်လိုက်သည်။မိုးညမင်းချိန်ဖြစ်နေတာမို့ဒီလိုဇာတ်လမ်းထွင်ဖို့ပါခက်ခဲမှာမဟုတ်မှန်း အဲရစ်ကသိတာမို့အကူညီတောင်းခဲ့ခြင်းဖြစ်သည်။ (၁)နှစ်လောက်နောင်တနဲ့နေစေချင်တယ်လို့ဆုံးဖြတ်ထားခဲ့သည်။
Flashback end
သို့ပေမယ့်လည်းအခုတွင်တော့အဲရစ်ဟာဘုန်းစေနဲ့သားလေးအားမခွဲနိုင်တော့ကြောင့် သွားတွေ့ဖို့ဆုံးဖြတ်လိုက်ရတာဖြစ်သည်။ထိုကလေးငယ်မျက်နှာလေးမှာပြည့်ပြည့်ဖောင်းဖောင်းလေးပဲမို့ အဲရစ်စိတ်ချမ်းသာသွားပေမယ့် ဘုန်းစေကတော့ အရင်လိုမဟုတ်တော့ဘဲ ချောင်ကျသွားတဲ့ မျက်နှာလေးရယ် အညိုမဲစွဲနေတဲ့ မျက်ဝန်းတွေကြောင့် အဲရစ်မှာ စိတ်မကောင်းဖြစ်သွားရသည်။