လင်းဆက်သွင်တစ်ယောက် မိုးညပေးထားတဲ့ Card လေးကိုအိတ်ထဲသို့ထည့်ကာ center တစ်ခုသို့သွားလိုက်သည်။မိုးညကလည်း လင်းဆက်သွားနိုင်ရန်ကားနဲ့ဒရိုက်ဘာကိုလွှတ်ပေးလိုက်သည်။
များပြားလှတဲ့ပိုက်ဆံအမြောက်များကိုသူဘယ်လိုသုံးရမလဲသူမသိရိုးအမှန်။ သို့ပေမယ့်သူစဉ်းစားမိတာတစ်ခုက သူ့ရဲ့ဦးလေးဖြစ်သူကိုပင်။
တကယ်လို့သာပေးလိုက်ရင်ရောသူစိတ်ဆိုးသွားနိုင်မလား။ဒါပေမယ့်လည်းသူကြိုးစားကြည့်ချင်သည်။အနည်းဆုံးတော့သေပြီထင်ခဲ့တဲ့သွေးသားလေးကိုသိနိုင်သေးသည်မလား။
အတွေးများစွာနဲ့လင်းဆက်တစ်ယောက်ကုန်တိုက်ကိုရောက်လာသည်။အထဲသို့ရောက်တော့သူဘာဝယ်ရမလဲမသိ။လိုချင်တာကပေါ့ပေါ့ပါးပါး T-shirt တို့ဘာတို့သို့ပေမယ့်လည်းသူကဝတ်လို့ရနိုင်ပါ့မလား။ပိုဆိုးသည်က ရှည်နေတဲ့ဆံနွယ်တွေပဲဖြစ်နိုင်ရင်ကတုံးသားတုံးပစ်ချင်နေပြီ။သူ့အဖို့ ယောင်္ကျားလေးဖြစ်ပါရဲ့နဲ့ မိန်းကလေးလိုနေရခြင်းကဝဋ်ဒုက္ခကြီးလှသည်။
အမျိုးသားအဝတ်ဆိုင်ကိုကြည့်ပြီးသက်ပြင်းချလျက်ထွက်သွားလိုက်သည်။ဒီလိုပဲဟိုဝယ်ဒီဝယ်နဲ့အနည်းငယ်တော့သုံးလိုက်သည်။ခဏအကြားအိတ်ထဲကဖုန်းကိုထုတ်၍ နာမည်မမှတ်ထားတဲ့နံပါတ်စိမ်းတစ်ခုကိုဆက်လိုက်သည်။ပြီးနောက် အနီးနားရှိဘဏ်ကိုဝင်ကာငွေကိုထုတ်လိုက်သည်။
ပြီးနောက်စားသောက်ဆိုင်တစ်ဆိုင်တွင်ထိုင်လျက် ထိုလူကိုစောင့်နေသည်။ခဏအကြာဝင်လာသူကလင်းဆက်ကိုကြည့်ကာ
"ငါ့တူလေးကမိုက်လှချည်လား သိန်း ၅၀၀ ကို ခဏလေးနဲ့ပေးနိုင်တယ်။"
လင်းဆက်ကထိုသူဘာပြောပြောဂရုမစိုက်စွာသူသိချင်တာအတွက်ပဲသူစိတ်မောနေရသည်။
"ခင်ဗျားလိုချင်ဝာာကိုပေးမှာမို့ ကျွန်တော့်ရဲ့ ကလေးဘယ်မှာလဲပြောပြပါ။"
ထိုအခါဦးလေးဖြစ်သူကရယ်ကာရှေ့ကရေကိုသောက်ရင်းဖြင့်
"အဟက် ဘယ်လိုပြောရမလဲမိခင်စိတ်လားဖခင်စိတ်လား ပီသသားပဲ "