အခန်းထဲကပြတင်းပေါက်အပြင်ဘက်ကိုငေးမှိုင်နေရင်းနဲ့အဲရစ်တစ်ယောက်မျက်ရည်ကျလာမိသည်။ဘုန်းစေက ဝင်လာလာချင်းမြင်မိတော့
"မင်းတအားမျက်ရည်လွယ်တာပဲ ဘာတွေငိုချင်နေတာလဲ"
အဲရစ်လည်းမျက်ရည်ကိုသုတ်လိုက်သည်။ပြီးတာနဲ့ဘုန်းစေကိုမျက်စောင်းထိုးကာ
"ငါ့ကိစ္စပါမင်းနဲ့မဆိုင်ဘူး ဘာလာလုပ်တာလဲ ငါမင်းနဲ့ထပ်မတွေ့ချင်တော့ဘူး။"
"ဟက် မင်းတွေဖြစ်ကုန်ပြီပဲ အဲရစ်တို့များ အပြောင်းလဲမြန်ချက်ဘာတဲ့ အရင်ကမောင်ဆိုလားပဲ"
ဘုန်းစေကပြောတော့အဲရစ်က ရှိသမျှကုန်ထုတ်သုံးကားခေါင်းအုံးဖြင့်ပစ်ပေါက်လိုက်သည်။
"မင်းထွက်သွား ငါမင်းနဲ့ရန်မဖြစ်နိုင်သေးဘူး။"
"ငါလဲလာချင်နေတာမဟုတ်ဘူး ငါ့သားအဖေက ဒီလိုဖြစ်နေတော့ လင်းယံလေးအဖေမဲ့မှာဆိုးလို့လာနေပေးတာ။"
ထိုအခါ အဲရစ်ကငြိမ်သွားသည်။ပြီးမှ
"ငါမရှိလည်း မင်းရှိနေတာပဲမလား"
"လျှောက်ပြောမနေနဲ့ မင်းကသက်ဆိုးရှည်အုံးမှာ။"
နှစ်ဦးသား စကားအချေတင်ဖြစ်နေချိန် ခခလေးနှင့်လင်းယံကဝင်လာသည်။ထိုအခါ အဲရစ်က ချက်ခြင်းပင်ပြုံးကာကြိုဆိုသည်။ ဘုန်းစေကတော့အပြောင်းလဲမြန်တဲ့သူကိုကြည့်ပြီးဘဝင်မကျပေ။
"သားလေး ဘာတွေစားလာခဲ့တာလဲ။"
"တီတီက ပီဇာကျွေးတယ်လေ အဲ့ဒါစားခဲ့တာ ပြီးတော့ပါးပါးအတွက်လည်းမုန့်ဝယ်ခဲ့တယ်။"
အဲရစ်လေးက လင်းယံပါးလေးကိုဆွဲကာအနမ်းလေးပေးလိုက်သည်။"ဟော လိမ္မာလိုက်တာဗျာ ပါးပါးသားလေးကချစ်စရာလေး။"
လင်းယံလေးကပြုံးကာ အဲရစ်ပါးလေးကိုခြေဖျားလေးထောက်၍နမ်းလိုက်သည်။ပြီးနောက်အဲရစ်မျက်နှာလေးကို သူ၏လက်လေးဖြင့်ကိုင်ကာ
"ပါးပါး ကျန်းမာအောင်နေပေးပါနော် သားနဲ့အတူတူကစားကွင်းသွားပြီး ခရီးတွေထွက်မယ်လေ သားလုပ်ချင်တာတွေများကြီးပဲ။"