မိုးညမှာလင်းဆက်ရဲ့ကိုယ်လေးကိုအနောက်ကနေသိုင်းဖက်ထားနေရင်းဖြင့်လည်ပင်းတစ်ဝိုက်ကိုနမ်းနေကာ"ငယ်ကိုယ်လေးကမွှေးလိုက်တာ ကိုယ်မနက်ဖြန်ကျရင်တောင်ကြီးကိုသွားဖို့ရှိတယ်။"
မိုးညကိုကျောပေးထားတဲ့လင်းဆက်ကိုယ်လေးမှာအနည်းငယ်တစ်ဖက်သို့လှည့်ကာ မိုးညမျက်နှာလေးကိုကြည့်ပြီး ဝမ်းနည်းတဲ့မျက်နှာလေးဖြင့်
"................"
"ကိုယ်တောင်းပန်ပါတယ် ကိုယ်လည်းညနေကမှသိတာ ကိုယ်တော့ဒီကောင်လေးကိုလွမ်းနေတော့မှာပဲကွာ"
လင်းဆက်ကအသံလေးတိုးညှင်းစွာဖြင့်
"ဟင့် လွမ်းနေမယ်ဆိုရင်လည်းဘာလို့တစ်ခါတည်းမခေါ်သွားတာလဲ"
တိုးညှင်းတဲ့အသံလေးကိုကြားသွားတဲ့မိုးညက ပြုံးရယ်လိုက်ကာမိုးညသဘောကျရတဲ့ လင်းဆက်ရဲ့ပါးချိုင့်လေးရှိရာပါးလေးတစ်ဖက်ပေါ်သို့အနမ်းလေးချွေလိုက်သည်။
"ကိုယ်လည်းခေါ်ချင်တယ် ဒါပေမယ့်ငယ်ပျင်းမှာဆိုးလို့ပါ သိပ်မကြာတာမို့မပူနဲ့"
သူပြောတာကိုကြားသွားတဲ့သူကြောင့်လင်းဆက်လည်းရှက်ကာ ဖက်ထားသောလက်တစ်စုံကိုဖယ်ကာစောင်ပုံထဲသို့ခေါင်းဝင်လိုက်သည်။ ဒီလိုအရှက်ကြီးတဲ့ထိုကောင်ငယ်လေးကိုမိုးညတကယ်သဘောကျရပါသည်။ခဏအကြာလင်းဆက်တစ်ယောက်ထကာ ဗီရိုထဲမှ မိုးညအတွက်အဝတ်စားတစ်ချို့ကို အိတ်ထဲ့သို့ထည့်နေလိုက်သည်။
သူ့ဘက်ကဒီလောက်တော့လုပ်သင့်သည်မလားလေ။ ထည့်ပေးပြီးသည်နှင့် မိုးညသန့်စင်အခန်းဘက်သို့လျှောက်ကာသွားကြည့်လိုက်သည်။အခန်းထဲသို့ရောက်တော့ဖက်ခေါင်းအုံးလေးကိုတင်းကြပ်စွာဖက်ထားပြီးအိပ်နေတဲ့ထိုကလေးငယ်လေး ဘာလို့မှန်းမသိဒီကလေးငယ်ကိုသူချစ်ရပါသည်။ဘဝမှာပထမဆုံးအကြိမ်ထိုကလေးငယ်လေးထံမှ နွေးထွေးတဲ့အခေါ်ဝေါ်လေးကိုသူကြားခဲ့ရသည်။လင်းဆက်လည်း မိုးညသန့်စင်ဘေးတွင်ပွေ့ဖက်ကာအိပ်လိုက်တော့သည်။
မနက်မိုးလင်းတော့သူ့ဘေးတွင်ချစ်ရတဲ့သူလာအိပ်သောကြောင့်မိုးညသန့်စင်တစ်ယောက်ပြုံးကာလင်းဆက်ကိုယ်လေးကိုဖက်လိုက်သည်။