_21_

5.2K 244 2
                                    

21

အခန်းထဲသို့မဖိတ်ခေါ်တဲ့ဧည့်သည်တစ်ဦးဟာဝင်လာခဲ့သည်။ထိုလူသားမှာတစ်ခြားသူတော့မဟုတ် ဘုန်းစေယံပင်။အဲရစ်ကထရပ်ကာ

"မင်းဒီကိုဘာလာလုပ်တာလဲဘုန်းစေယံ"

ထိုအခါဘုန်းစေယံကမထီမဲ့မြင်ဖြင့်

"ငါ့သားကိုပြန်လာခေါ်တာ။"

"မင်းအခုချက်ခြင်းထွက်သွားစမ်းပါ "

"ဟက် ငါပြောထားသလိုပဲ ငါ့သားကိုခေါ်ပြီးမှသွားမှာ။"

မိုးညကသူများကိစ္စထဲဝင်မပါချင်ပေမယ့်လည်း

"ဘုန်းစေယံမင်းငါ့ပိုင်နက်ထဲဝင်လာပြီးပိုင်စိုးပိုင်နင်းမလုပ်ရင်ကောင်းမယ်။"

ထိုအခါဘုန်းစေယံကလည်း

"မင်းပိုင်နက်ထဲရောက်နေတာကငါပိုင်တဲ့အရာတွေဆိုတာလည်းမင်းမမေ့ပါနဲ့။"

လင်းဆက်ကလည်း

"မင်းမဆိုင်တဲ့နေရာကိုမလာသင့်ဘူးဘုန်းစေယံ"

ဘုန်းစေကလင်းဆက်ကိုစိုက်ကြည့်ပြီး

"အရာအားလုံးတွက်တောင်းပန်ပါတယ်သွင် ဒီကိုလာတဲ့ရည်ရွယ်ချက်က ကိုယ်ပိုင်တဲ့အရာလေးပြန်လာယူရုံပါပဲ။"

အဲရစ်ကဘုန်းစေယံကိုတွန်းကာ

"မင်းထွက်သွား ကျေးဇူးပြုပြီးငါတို့သားဖဆီမလာပါနဲ့"

ဘုန်းစေကိုထုရိုက်ပြီးပြောနေတဲ့အဲရစ်လက်တွေကိုဆုပ်ကိုင်လိုက်ကာ

"ရိုက်နေတာတွေရပ်လိုက်စမ်းအဲရစ် မင်းကျန်းမာရေးတောင်သေချာဂရုမစိုက်ဘဲငါ့သားအနားဘယ်လိုနေမှာလဲ"

ဘုန်းစေကမာန်ပါပါနဲ့ပြောလိုက်တော့ထုရိုက်နေတဲ့လက်ကလေးတွေမှာရပ်တန့်သွားရသည်။ပြီးနောက်ဘုန်းစေကအဲရစ်မျက်ဝန်းတည့်တည့်ကိုစိုက်ကြည့်ပြီး

"မင်းပြောခဲ့တယ်မလား သားအဖြစ်လက်မခံရင်လာမတွေ့နဲ့လို့။ ငါ့သားကိုအခုပြန်လာခေါ်တာမို့ တွေ့ခွင့်ပေးရင်ကောင်းမယ်။"

ထိုအခါမှမိုးညက သားဖြစ်သူနဲ့လင်းယံလေးကိုခေါ်စေဖို့လူလွှတ်လိုက်သည်။အောက်ထပ်ကိုဆင်းလာလာချင်းလင်းယံလေးဘုန်းစေကိုမြင်တော့ပြေးဖက်လိုက်မိသည်။

𝘏𝘦 , 𝘔𝘺 𝘍𝘢𝘬𝘦 𝘞𝘪𝘧𝘦 // complete//Where stories live. Discover now