_19_

6.5K 318 14
                                    

(အခုအပိုင်းက စပြီး ဘုန်းစေနဲ့အဲရစ်အပိုင်းအနည်းငယ်လေးများပါမယ် သူတို့အတွဲ့ကလည်းအဓိက‌ဇာတ်ကောင်တွေထဲပါလို့ဖြစ်ပါတယ်ရှင့်)

ကျောက်ကပ်အစားထိုးဖို့ဆိုတာအဲရစ်အတွက်သိပ်မခက်ခဲပေသော်ညားသူဟာ အစကတည်းကလက်လျော့ဖို့အတွက် စိတ်ကိုခဲထားတာဖြစ်သည်။

သို့ပေမယ့်သားဖြစ်သူလေးကိုမြင်မိလိုက်တိုင်းအသက်ရှည်ဖို့အတွက်မျှော်လင့်ချက်ရောင်ခြည်လေးဟာထွက်ပေါ်လာသည်။သူဘယ်လိုနည်းနဲ့မှ သားလေးကိုဘုန်းစေနဲ့မထားခဲ့နိုင်ပါ။အသိစိတ်ကင်းမဲ့နေတဲ့ဘုန်းစေကို လမ်းမှန်အောင်သူကိုယ်တိုင်ဆွဲခေါ်မှကိုဖြစ်တော့မည်။

မေသွန်းခလေးလည်းတစ်နေ့တစ်နေ့အရက်သမားလုံးလုံးဖြစ်နေတဲ့အစ်ကိုဖြစ်သူကြောင့်ခေါင်းလည်းအတော်ပူနေပြီဖြစ်သည်။လင်းယံလေးဆေးရုံကဆင်းကတည်းက လင်းဆက်သွင်ကိုလိုက်ရှာနေခဲ့သည်။

ငယ်ရွယ်လွန်းတဲ့ကလေးငယ်ကအတော်ကိုပင်ပန်းနေလှရောပေါ့ အဒေါ်ဖြစ်သူတဲ့သူသာမရှိရင် သူမအစ်ကိုဒီကလေးကိုပစ်မှာအသေချာပင်။ အခန်းထဲမှာပဲအမြဲနေနေတဲ့ ဘုန်းစေထံသို့လင်းယံလေးက တံခါးလေးကိုဖြေးညှင်းစွာဖွင့်ပြီးဝင်လာသည်။

အိမ်ထဲသို့ကားလေးတစ်စီးဝင်ရောက်လာသည်။စိမ်းသက်နေတဲ့ကားလေးကဝင်လာပြီး

"ဘယ်သူနဲ့တွေ့ချင်လို့လဲရှင့် အာ အကိုကဟိုတစ်ခါ ဆေးရုံကတစ်ယောက်"

"ကျွန်တော် ဘုန်းစေနဲ့တွေ့ချင်လို့ပါ"

"အစ်ကိုကအခန်းထဲကနေအခုထိမထွက်သေးဘူးရှင့် အရမ်းတွေ့ချင်ရင်ဝင်တွေ့လိုက်ပါ။ "

"ဟုတ်ပြီ ကျေးဇူးပါဗျ ကျွန်တော်သူနဲ့နှစ်ယောက်တည်းပြောစရာလေးရှိလို့ပါ"

"အာ ဟုတ်ကဲ့ရှင့် ဒုတိယထပ်က ပထမအခန်းပါ"

အဲရစ်ကခေါင်းလေးငြိမ့်ပြပြီးအပေါ်ထပ်သို့တက်သွားလိုက်သည်။အခန်းငယ်ထဲသို့ဝင်သွားတဲ့လင်းယံလေးက ဘုန်းစေအနားသို့သွားပြီးနောက်
"ဒယ်ဒီ ဘာတွေဖြစ်နေတာလဲဟင့် ဟိုလေ ဖေဖေရော ဘယ်မှာလဲ ဟင့်"

𝘏𝘦 , 𝘔𝘺 𝘍𝘢𝘬𝘦 𝘞𝘪𝘧𝘦 // complete//Where stories live. Discover now