_3_

13.3K 911 78
                                    

ဒီနေ့ကမင်္ဂလာဦးညဖြစ်တာကြောင့်လင်းဆက်အင်မတန်စိတ်လှုပ်ရှားနေမိသည်။မိုးညကတော့ရေချိုးမယ်ပြောကာရေချိုးနေလေသည်။ကုတင်ပေါ်တွင်ထိုင်နေရင်း ချွေးပြန်လာရသည်။

ခဏအကြာမိုးညက တပတ်ကိုခါးတွင်ပတ်ပြီးထွက်လာကာ လင်းဆက်ကိုကြည့်၍

"မင်းရေချိုးချင်ရေချိုးလိုက်"

မိုးညကဒီတိုင်းရေချိုးဖို့ပြောပေမယ့်လင်းဆက်မျက်နှာက အနည်းငယ်ရှက်နေတာကြောင့်

"ဟို ကိုယ်ပြောတာက မင်းတစ်နေကုန်ပင်ပန်းနေမှာမို့ရေချိုးဖို့ပြောတာပါ။"

"အာ ဟုတ်ကဲ့ "

လင်းဆက်လည်းရေချိုးဖို့ရေချိူခန်းထဲဝင်သွားတော့မှသက်ပြင်းချလိုက်နိုင်သည်။ပြီးနောက်ဘယ်ဘက်ရင်ဘက်ခြမ်းလေးကိုလက်ဖြင့်ဖိကာ

"မိုးညမင်းချိန် မင်းဘာလို့သူနဲ့မှ ရင်ခုန်နေရတာလဲကွာ သူ့ကိုမြင်တိုင်းရင်းနှီးနေသလိုခံစားချက်ကြီး။"

********
ရေချိုးခန်းထဲရောက်တော့မှအနည်းငယ်အသက်ရှုချောင်သွားသည်။သို့ပေမယ့်လည်း ကြောက်နေမိတာတော့အမှန်ပင်။

"သူသာသိသွားခဲ့ရင် ငါ့....."

လက်လေးနှစ်ဖက်ကိုတင်းကြပ်စွာပွတ်နေလျက် စိတ်လှုပ်ရှားနေသည်။ရေချိုးခန်းထဲတွင် အနည်းငယ်ကြာနေတဲ့သူကိုခေါ်လိုက်ကာ

"ရေချိုးခန်းထဲမှာအအေးပတ်နေဦးမယ်။"

"ဟုတ် ဟုတ် လာပါပြီ။"

သက်ပြင်းချပြီးနောက်အခန်းငယ်ထဲသို့ပြန်ဝင်သွားသည်။အခန်းထဲသို့ရောက်တော့ ကုတင်ပေါ်တွင် laptop ကိုပေါင်ပေါ်တင်လျက် မိုးညအလုပ်ရှုပ်နေဟန်ပေါ်သည်။လင်းဆက်လည်းကုတင်ပေါ်သို့မတက်ရဲသေးဘဲမတ်တပ်ရပ်နေတော့

"လာလေ ကိုယ်မင်းကိုဘာမှမလုပ်ဘူးစိတ်ချ အလုပ်လုပ်စရာရှိသေးလို့ အရင်အိပ်ရင်အိပ်လေ ငယ်။"

ငယ်" ဟူသောနာမ်စားလေးကိုသုံးလိုက်သောထိုလူသားကြောင့်ငြိမ်သက်နေတဲ့နှလုံးသားလေးမှာရင်ခုန်လာခဲ့သည်။သူကိုယ်သူ သုံးတော့လည်း "ကိုယ်" တဲ့။

𝘏𝘦 , 𝘔𝘺 𝘍𝘢𝘬𝘦 𝘞𝘪𝘧𝘦 // complete//Where stories live. Discover now