အသားမကျဘဲနေရသည်မှာ တစ်
ပတ်ကျော်ကြာနေပြီလည်းဖြစ်သည်။ဘာကြောင့်မှန်းမသိဘဲနဲ့ကိုအရာရာဟာသူ့အဖို့ သုစိမ်းဆန်လှသည်။မိုးညတို့နဲ့အတူနေတုန်းကတော့ဒီလိုမခံစားရပေ။"အစ်ကိုသွင် ဒီမှာဘာလုပ်နေတာလဲ"
မေသွန်းခကအနားကိုလာပြီး ဝရန်တာကခုံပေါ်မှာထိုင်ရင်းစာအုပ်လက်ထဲတွင်ကိုင်
လျက်ငေးမောနေတဲ့လင်းဆက်ကိုမေး
လိုက်တော့ ခဏကြာမှ"ဒီတိုင်း အစ်ကိုတွေးစရာလေးရှိလို့ပါညီမလေး"
ခခတစ်ယောက်လင်းဆက်ကိုငေးကြည့်နေ
ရင်း"ခခ သတိထားမိတာကြာပြီ အစ်ကိုသွင်က
ဆံပင်ရှည်လေးတွေနဲ့တော်တော်လှတာပဲသိလား။"လင်းဆက်ကဖုံးကွယ်ထားလျက်ရှိတဲ့ပါးချိုင့်ပေါ်သည်အထိရယ်လိုက်မိသည်။
"ကျေးဇူးတင်ပါတယ်။"
လင်းဆက်စိတ်ထဲတွင်တော့တစ်စုံတစ်
ယောက်ကိုသိသိသာသာ သတိရမိသွားသည်။
ရှည်လျားတဲ့ဆံပင်ကို မကြိုက်ရင်ညှပ်ပစ်အဆင်ပြေသလိုနေဆိုတဲ့ ကောင်လေးကိုပေါ့။
ဒီစံအိမ်ထဲရောက်ကတည်းက စိမ်းသက်မှု့တွေကအခုထက်ထိပင်။ဘုန်းစေကတော့ လင်းဆက်ရဲ့ဆံပင်တွေကိုသဘောကျပြီးမြတ်နိုးတာမို့ဆိုပြီး လုံးဝကို
ညှပ်ခွင့်မပြုပေ။အမှန်က ဘုန်းစေနဲ့သူစကားမပြောသည်မှာ ၂ရက်ပင်ရှိနေပြီသည်။
အကြောင်းရင်းကတော့တစ်ခြားမဟုတ် ဘုန်းစေရဲ့ ကြမ်းကြမ်းတမ်းတမ်းအပြုမှုတွေ
ကြောင့်ဖြစ်သည်။လွန်ခဲ့တဲ့(၂)ရက်ဆီသို့
Company ကအရေးကြီးဧည့်သည်တွေနဲ့တွေ့ဆုံပွဲအပြီး အနည်းငယ်သောက်လာတဲ့
အရက်သေစာကြောင့် ပုံမှန်ထက်ပင်အသိဉာဏ်မရှိတဲ့ဘုန်းစေက အိပ်မောကျနေတဲ့ လင်းဆက်ကိုယ်လေးကိုစိတ်လိုအတိုင်းထွေး
ပွေ့လျက်နှုတ်ခမ်းသားလေးကိုနမ်းရှိုက်
လိုက်မိသည်။"ဖြန်း !"
ကြမ်းကြမ်းတမ်းဆက်ဆံနေတဲ့ဘုန်းစေကို
တွန်းဖယ်လိုက်ကာ ပါးကိုရိုက်ချလိုက်ပြီး
သည်နှင့်"အရူးအလုပ်တွေလာမလုပ်နဲ့ဘုန်းစေယံ မင်းဒီလိုထပ်လုပ်နေမယ်ဆို ငါသားကိုခေါ်ပြီး
ထွက်သွားလိုက်မှာ။"