"ကိုယ်ကွာရှင်းစာချုပ်စီစဉ်ထားတယ်။တစ်ခြားကိစ္စတွေခေါင်းထဲမတွေးနဲ့ ပျော်အောင်နေ။"
နားလည်ပေးလွန်းတဲ့သူကြောင့်လင်းဆက်လည်းပိုပြီးဝမ်းနည်းလာရသည်။
"မမေးတော့ဘူးလား ဘာကြောင့်လဲဆိုတာ။"
မိုးညကခေါင်းလေးငြိမ့်ကာပြုံးရင်း
"ကိုယ့်အကုန်သိတာမို့ အနေမခက်နဲ့ နားလည်တယ်။"
ဖြစ်နိုင်ရင်ကိုယ်ကလေမင်းရောကလေးကိုရောတစ်ဘဝလုံးစောင့်ရှောက်ပေးချင်တာပါ။ထိုစကားတွေက်ိုတော့နှုတ်ကထုတ်ပြောမည်တော့မဟုတ်ပါ။လင်းဆက်ကိုယ်လေးကိုပွေ့ပြီး
"အရေးကြီးကိစ္စရှိလို့ ကုမ္ပဏီသွားလိုက်အုံးမယ်။သားလေးကိုသေချာကိုယ်ပြောထားမှာမို့နောက်ဆံမတင်းပါနဲ့သွင် ကိုယ်တို့သားဖကအ
ရှုပ်ထုပ် မဖြစ်ချင်တာမို့။ကွာရှင်းစာချုပ်ကိုသီဟပိုင်လာပို့ထားလိမ့်မယ်။ပြီးတော့ ကိုယ်ပေးထားတဲ့ Card တွေကိုယူထားလိုက်ပါ။နစ်နာကြေးသဘောမဟုတ်ပေမယ့်လို့ ကိုယ်မင်းကို
ချစ်လို့ပေးတယ်ပဲသဘောထားပေး။"မိုးညလည်းပြောပြီးသည်နှင့်အပြင်သို့
ထွက်သွားကာ ကားပေါ်တက်သွားတော့သည်။မိုးညသွားပြီးမကြာ ဝင်လာတဲ့ဖုန်းကြောင့်"သွင် အဆင်ပြေရဲ့လား မောင်ညနေကျရင်လာခေါ်မယ်နော်။"
"ငါ အဆင့်သင့်မဖြစ်သေးဘူးထင်တယ် အ
ဟင့်"ဖုန်းထဲကနေငိုသံကြားလိုက်ရတာကြောင့် ဘုန်းစေလည်း ရင်ထဲအတော်တင်းကြပ်မိသည်။ချစ်ရသူကသူမဟုတ်တဲ့တစ်ခြားသူကြောင့်ငိုရတယ်တဲ့။သူတကယ်ကိုဗီလိန်ဖြစ်သွားခဲ့ရပြီပဲ ချစ်မိခဲ့တာလေးက အတော်ဆိုးရွားစေခဲ့တာပဲအဟက်။
"မောင်တောင်းပန်ပါတယ်။မောင် သားကြောင့်
အတ္တဆန်မိပြီ။"ဘုန်းစေကဟန်ဆောင်ကာပြောလာတဲ့စကားကြောင့်လင်းဆက်က ရှိုက်သံလေးဖြင့်
"ငါ့သားတွက်ရွေးချယ်ခဲ့တာမို့ မင်းလာခေါ်
မယ်မလား ခဏနေလာခေါ်ပါငါညနေကျရင်
ကလေးကိုတွေ့ပြီးထားဖို့အဆင်သင့်မဖြစ်
သေးတာမို့။"