Intro

3.8K 232 55
                                    

📌 Fanfiction အမျိုးအစားဖြစ်ပြီး ပြန်လည်တင်ပေးခြင်းဖြစ်ပါတယ်။ 📌

ကမ္ဘာ့ရေကြောင်းကင်းလှည့်ခြင်းကို တာဝန်ယူထားလို့ ပင်လယ်ထဲသွားလာနေသည်မှာ လအနည်းငယ်ကြာမြင့်နေပြီဖြစ်တဲ့ ရေတပ်ဦးစီးချုပ်ဦးဆောင်သော Sailors အဖွဲ့ကြီး။ သူတို့ကိုတင်ဆောင်လာတဲ့ USS Navy Warship က နိုင်ငံတခုမှာ ခေတ္တရပ်နားချိန် လူအချင်းချင်းသတ်ပုတ်နေတဲ့ ရန်ပွဲ၊ ရန်ပွဲဆိုတာထက် လူတစ်ချို့ဟာ ရူးနှမ်းနေတဲ့လူတွေလို ပြေးလွှားနေပြီး အခြားသူတွေကိုမိရာနေရာကိုက်ဆွဲနေသည့် မြင်ကွင်းကို မြင်လိုက်ရတဲ့နောက် ထိန်းချုပ်ရန်ကြိုးစားခဲ့ပေမယ့် မရတော့တဲ့အဆုံး ထိုဆိပ်ကမ်းကနေပြန်လည်ထွက်ခွာလာခဲ့ပါတယ်။

မဟာမိတ်ပူးတွဲစစ်ဆင်ရေးကို ခေတ္တရပ်နားထားသည်မို့ မိမိတို့နိုင်ငံရဲ့ဌာနချုပ်မှာ တာဝန်ထမ်းဆောင်ရင်းက တောတွင်းလေ့ကျင့်ရေးကို ဦးဆောင်သင်ကြားပေးဖို့ အဖွဲ့လိုက်တောထဲဝင်နေခဲ့တာ တလနီးပါးကြာမြင့်နေပြီဖြစ်သည့် Alpha Team။ တာဝန်ပြီးဆုံးလို့ အနားစရတဲ့ ညနေခင်းတခုမှာအပြင်သွားရင်းနဲ့ ရူးနေတဲ့လူတစ်ယောက်က နောက်လူတစ်ယောက်ကို ရန်ပြုနေတာကို စတင်ကြုံခဲ့ပါတယ်။ မိမိတို့ဝင်ပါရမည့်ကိစ္စမဟုတ်လို့ အိမ်ပြန်ရာက မကြာခင်မှာပင်ကြောက်စရာကောင်းလောက်အောင် ရုန်းရင်းဆန်ခတ်မှုတွေဖြစ်လာတဲ့အခါ...မြို့လည်ခေါင်မှာရှိနေတဲ့ သူတို့နေအိမ်ကနေ ဘယ်နေရာကိုများသူတို့ရှောင်ထွက်နိုင်ဖို့ကြိုးစားကြမလဲ...

နေရာတခုမှာရှိနေတဲ့ ပျှမ်းမျှလူဦးရေရဲ့ထက်ဝက်နီးပါးခန့်က တပြိုင်နက်တည်းလိုလို ရူးသွပ်ကုန်ကြသလိုမျိုး ဖြစ်လာတာဘာကြောင့်လဲ?
ထိုလူတွေက သာမာန်အရူးတွေပြုမူသလိုရန်ပြုတာမျိုးထက် မိရာနေရာကိုကိုက်ဆွဲစားသောက်နေတာက ပုံမှန်ရောဟုတ်ရဲ့လား?
ဓားဖြင့်ထိုး၊သေနတ်နဲ့ပစ် ကျိုးကန်းသွားသည့်တိုင်အောင် လှုပ်ရှားနိုင်နေသေးတဲ့ လူတွေကဘာတွေဖြစ်ကုန်ခဲ့တာများလဲ?
ဒီလိုတွေဖြစ်နေတာတွေရဲ့အစကရော ဘယ်နေရာကနေအစပြုခဲ့တာများလဲ?

The Survivors (FTC Sequel) လေးက မကြာခင်စတင်တော့မှာပါ။ Zombie Type ဖြစ်ပြီး 100%  အစ်မရဲ့creation မဟုတ်ပါ။ ကြည့်ဖူးတဲ့Zombie ကားတွေရဲ့အငွေ့အသက်၊Plot တွေပါလာမှာဖြစ်ပါတယ်။

Fic Cover လေးကိုတော့ ညီမလေး Wang Qiu က Edit လုပ်ပေးထားပြီး Vibe ကတော့ ကိုယ်လိုချင်တဲ့ Vibe အပြည့်ပါပဲရှင်။

Coming Soon......

The Survivors (FTC Sequel) Where stories live. Discover now