Part - 4 (Unicode)

734 157 149
                                    

"ကပ္ပတိန်!! ကပ္ပတိန်လာကြည့်ဖို့လိုတယ်ထင်တယ်..."

အလောတကြီးပြေး၍ ပြောလာသောတပ်သားတစ်ယောက်ဧ။် စကားကြောင့် Andy Bridge ထဲမှ ထွက်ကာ Ray နဲ့အတူ တပ်သားအများစု ရုံးစုရုံးစုဖြစ်နေသည့် သဘောၤကုန်းပတ်ပေါ်က အဝေးကြည့်မှန်ပြောင်းအနီးသို့ ခပ်သုတ်သုတ်လှမ်းလာခဲ့သည်။

"ဘာဖြစ်နေလို့လဲ။"

"ငါးဖမ်းသဘောၤထင်တယ်။ ကပ္ပတိန်တချက်ကြည့်ကြည့်ပါ။"

သဘောၤကြီးပေါ်ကလှမ်းကြည့်ရင် မသဲမကွဲသာမြင်ရသော်လည်း မှန်ပြောင်းထဲတွင်မူ မျက်လုံးရှေ့တည့်တည့်သို့ရောက်နေသည့်အလား မြင်ရပြီး အနီးကပ်မြင်လိုက်ရသည့်မြင်ကွင်းကြောင့် လူပါယောင်ရမ်းကာ မှန်ပြောင်းထံမှအကြည့်ခွာလိုက်ရသည်။ ထို့နောက်မှာမှ အသာပြန်ကြည့်လိုက်တော့....

ပေ ၁၀၀ကျော်ခန့်ရှည်လျားသော ငါးဖမ်းသဘောၤ၊ နိုင်ငံတံဆိပ်အရတော့ Vietnam နိုင်ငံကငါးဖမ်းသဘောၤပင်။ သဘောၤကစက်သတ်ထားပုံရပြီး ရေစီးအတိုင်း အလိုက်သင့်ရွေ့လျားနေသည့် လှမ်းမြင်နေရသည့်နေရာမှာ လူ နှစ်ယောက်ရှိနေသည်။ လူဟုသာဆိုရသော်လည်း နှစ်ယောက်စလုံးရဲ့ ပါးစပ်မှာသွေးများပေကျံနေပြီး ပါးစပ်ကိုအသားကုန်ဟဖြဲထားကာ အပေါ်သွားနှင့်အောက်သွားကို ဆက်တိုက်ထိခတ်ထားပြီး ကိုက်ခဲတော့မယ့် သဏ္ဍန်နှယ် အသင့်ပြင်ထားသည်။ ခန္ဓာကိုယ်မှာလဲသွေးများကဗရဗွ၊ မျက်လုံးများက သွေးကြောတွေပေါက်ထွက်ကုန်သည့်အလား နီရဲလို့နေသည်။ ဟိုဟိုဒီဒီကြည့်နေသည့် ခေါင်းရဲ့ရွေ့လျားပုံမှာ သာမာန်လူတွေလို အသာအယာလှည့်ခြင်းမဟုတ် စက်ရုပ်တွေလှည့်သည့်အလား တထစ်ထစ်ဖြင့်၊ လက်နှစ်ဖက်မှာလဲ သာမာန်လူတွေလို ဘေးဘက်မှာကပ်ထားခြင်းမရှိပဲ ခပ်ကားကားဖြန့်ထားပြီးဆန့်တန်းထားကာ လက်နှစ်ဖက်လုံးမှာ သွေးအလိမ်းလိမ်းဖြင့် ကျောချမ်းစရာ ကောင်းလွန်းလှသည်။

နံဘေးဆီသို့လှည့်ကြည့်သောအခါ တပ်သားတွေရဲ့အကြည့်အကုန်လုံးက မိမိထံမှာ။ မြင်နေရသည့်မြင်ကွင်းပေါ် မိမိရဲ့ထင်မြင်ချက်ကို ကြားလိုကြဟန်တူသည်။ ကိုယ်တိုင်ကိုမည်သို့ယူဆရမည်လဲ မသဲကွဲသေးတော့ မည်သည့်မှတ်ချက်မှမပေးလို ။သို့သော် မြင်နေရသည့်မြင်ကွင်းသည် လူအများပြောနေကြသကဲ့သို့ Zombie သဏ္ဍန်ဖြစ်နေခြင်းကိုတော့ စိတ်ထဲကအလိုလို လက်ခံနေပြီးသားပင်။ ထို့နောက် မှန်ပြောင်းမှတဆင့် ထိုငါးဖမ်းသဘောၤဆီသို့ သေချာပြန်ကြည့်ပြီးနောက်...

The Survivors (FTC Sequel) Where stories live. Discover now