Part - 13 (Unicode)

633 116 55
                                    

ငါးဖမ်းသဘောၤနှင့် စစ်သဘောၤကဘယ်လောက်မှ ဝေးကွာခြင်းမရှိ၍ ခဏခြင်းမှာပင် ပြန်ရောက်လာခဲ့သည်။ Speedboat ပေါ်မှ သဘောၤပေါ်ရောက်သည်နှင့် Andy တို့ပြေးထွက်လာသည့်အခါ ယွီပင်က ကမန်းကတန်းဟန့်တားလာသည်။

"မလာနဲ့ဦး...အနားမကပ်ပါနဲ့။ ငါးဖမ်းသဘောၤပေါ်သွားခဲ့သူအကုန်လုံး ရဟတ်ယာဉ်ပေါ်က လူတွေပါမကျန် ရေချိုးသန့်စင်ပြီးမှ ကျန်သူတွေနဲ့ထိတွေ့ပါ။"

ကြုံခဲ့ရသည့် အဖြစ်အပျက်ကြောင့် ယွီပင်အသံက ခပ်ယိုင်ယိုင်ဖြစ်နေဆဲ ဆိုသည့်တိုင် ဆရာဝန်တစ်ယောက် အသိပေးရမည့် ဝတ္တရားကိုတော့ မပျက်ကွက်ခဲ့ပေ။

"Andy? ကျွန်တော်ရေချိုးပြီးမှလာခဲ့မယ်။"

"ရေချိုးပြီးလဲ အရင်နားလိုက်ပါဆရာရှောင်း။ ကျန်သူတွေလဲ ရေချိုးသန့်စင်ပြီး အနားယူလိုက်။ "

ကျန့်ကောက Andy ရဲ့စကားကို ခေါင်းညိတ်အချက်ပြီးနောက် ရိပေါ်လက်မောင်းကို ဖျစ်ညှစ်လာခဲ့သည်။ ထို့နောက်...

"အဆင်ပြေတာသေချာလား ရိပေါ်?"

"ပြေပါတယ် ။ ကျွန်တော်ရေသွားချိုးလိုက်ဦးမယ်။"

"အင်း ခဏနေမှ စကားပြောကြတာပေါ့။"

ခပ်လေးလေးခေါင်းညိတ်ပြပြီးနောက် ရေချိုးခန်းရှိရာသို့ ရိပေါ်ထွက်လာခဲ့သည်။ သဘောၤပေါ်မှာ ရေချိုးခန်းကား ဆယ်ခန်းထက် မနည်းရှိနေတာကြောင့် စောင့်စရာတော့မလို ထောင့်စွန်ဘက်ခြမ်းက အခန်းငယ်ထဲသို့ ဝင်လိုက်ပြီးနောက် ရေပန်းဖွင့်ချလိုက်သည်။ အေးစက်စက်ရေရဲ့ ထိတွေ့မှုကို ခံယူကာ မျက်လုံးစုံမှိတ်လိုက်သည်နှင့် တခြားအခန်းတွေမှ အပြန်အလှန် စကားပြောနေကြသည့် Miller တို့ရဲ့ စကားသံများက ပျောက်ကွယ်သွားပြီး နားထင်ပွင့်ထွက်ကာ နေရာတွင်ပင် ဘုန်းခနဲလဲကျသေဆုံးသွားရသည့် ကိုယ်ဝန်ဆောင်သည့်ဧ။် ပုံရိပ်များက ထပ်ကာထပ်ကာ ဝင်ရောက်လို့လာသည့်အခါ

သည်းမခံနိုင်တော့စွာ နံရံကိုလက်သီးဖြင့်ထိုးမိတော့ ဝုန်းခနဲအသံ ထွက်ပေါ်လာပြီးနောက် တဖက်ခန်းမှ စကားသံတို့သည်လဲ တိတ်ကျသွားခဲ့ပြီး....

The Survivors (FTC Sequel) Where stories live. Discover now