Part - 18 (Unicode)

592 99 43
                                    

ကျွန်းရှိရာအနီးဆုံးထိ ရောက်လာချိန်သည်ကား ည ၇ နာရီခန့်ရှိနေပြီဖြစ်ပြီး ညပိုင်းစစ်ဆင်ရေးတွေ မြောက်မြားစွာလုပ်ဖူးသည့်တိုင် ဒီတကြိမ်မှာတော့ ခံစားချက်ကမတူ။ သဘောၤကြီးပေါ်ကဆင်း၍ ဘုတ်လေးပေါ်တက်လိုက်ပြီးသည်နှင့် မည်းမှောင်ကာအဆုံးမရှိ ကျယ်ပြောသောရေပြင်ကြီးထဲ အားကိုးရာမဲ့သွားသလို ရိပေါ်ခံစားနေရသည်။ ကျွန်းရှိရာသွားမည့်ဘုတ်က၂စင်းရှိပြီး ဟိုက်ခွမ်းကောက ရေတပ်သား၆ယောက်နဲ့အတူ တစီးစီး၍ ကျန်တစ်စီးအပေါ်မှာတော့မိမိ၊ လပ်ကီး၊ ကျန့်ကော၊Mike ၊ ဟောက်ရွှမ်း၊ Wayne နှင့် ဘုတ်မောင်းမည့် တပ်သားတစ်ယောက်ပါဝင်သည်။ လက်ဖမိုးဆီသို့ထိတွေ့လာသည့် အေးစက်စက် အထိအတွေ့ကြောင့် ငုံ့ကြည့်လိုက်တော့ လပ်ကီးကအတင်းတိုးကာ လူကြားထဲဝင်ထိုင်လိုဟန်ပြလာသည်။

"လာ လပ်ကီးဒီမှာထိုင်..."

တင်ပလ္လင်ခွေထိုင်ကာ လက်ယပ်ခေါ်တာ့ အနားကပ်လာကာ မှီထိုင်လာသည့်လပ်ကီးက ခြေသလုံးပေါ်သို့ခေါင်းကိုမှေးတင်လာသည်။

"လပ်ကီးလဲကြောက်နေတယ်ထင်တယ်။ သခင်နဲ့တူလို့နေမှာ အသည်းငယ်တယ်"

"မဆီမဆိုင်...ငါက စိတ်နှလုံးနူးညံ့တာ အသည်းငယ်တာမဟုတ်ဘူး။ မင်းရော မကြောက်ဘူးလားဟောက်ရွှမ်း။"

"ကြောက်စရာလား..."

"အပိုစကားပေါင်း တစ်သိန်းခြောက်သောင်း.."

"အစပိုင်းတော့ အရမ်းကြောက်တာပေါ့။ ခုတော့မြင်ပါများလို့ ရိုးနေပြီလေ။"

"အေးလေ ရိပေါ်ကလဲ ငါတို့ငါးဖမ်းလှေပေါ်မှာလဲ ကြုံဖူးပြီးသားကို.."

ထိုသို့ဆိုသော်လည်း အရှိန်နှင့်ရေပြင်ပေါ် ရှပ်ပြေးနေသည်ဘုတ်ပေါ်ထိုင်ကာ ပတ်ဝန်းကျင်အနှံ့ ကြီးကြည့်ကြောင်ကြည့် လိုက်ကြည့်နေသော ဟောက်ရွှမ်းပုံစံကား ကြောက်ရွံမှုကိုပြသနေသည့်အပြင် ဝင်ထောက်ခံခဲ့သည့် wayne ကလဲ ဘာမှမရှိသည့် ရေပြင်ကျယ်ကြီးထဲ သေနတ်အား ဟိုချိန်ဒီချိန်ဖြင့် ဗျာမြားလို့နေသည်။

သောင်စပ်နားသို့ဆိုက်ရောက်ခဲ့ပြီး သောင်ပြင်ကနေ ခပ်လှမ်းလှမ်းမှာ အုပ်မှိုင်းမဲမှောင်နေသည့် အပင်တွေသာရှိကာ လှုပ်ရှားမှုတော့ မတွေ့ရသေးပေ။ ကျွန်းကြီးက လူသူမရောက်သည့် ကျွန်းအရိုင်းပေမို့ အုန်းပင်များ၊ အလေ့ကျပေါက်နေသည့် အပင်များနှင့် ဘာအပင်မှန်းမသဲကွဲသေးသော အပင်များက မျက်စိတဆုံးမော့ကြည့်ရသည့်အထိ မြင့်မားနေပြီး လရောင်အနည်းငယ်သာ ဖြာကျနေသည့်အခြေအနေမှာ အပင်များက ဘယ်အပင်ကြည့်ကြည့် ထိုးထိုးထောင်ထောင် မည်းမည်းအရိပ်ကြီးတွေသာဖြစ်နေသည့်မို့ ရိပေါ်မှာ တံတွေးတချက်မြိုချမိတော့သည်။

The Survivors (FTC Sequel) Where stories live. Discover now