Part - 19 (Unicode)

673 92 44
                                    

ကျွန်းပေါ်၂ရက်ခန့် ထပ်မံအခြေပြုနေခဲ့ကြပြီး အင်ဂျင်အပါအဝင် ရေချိုဇကာများအပြီးသတ် ပြင်ဆင်ပြီးသည့်ညနေပိုင်းမှာပင် စတင်ထွက်ခွာခဲ့ကြသည်။ မနက်၇နာရီလောက် Meeting ထိုင်ကြမယ်ဟူသော Andy စကားကြောင့် မနက်၅နာရီခန့်မှာပင် ရှောင်းကျန့်နိုးနေခဲ့ပြီး ရိပေါ်သည်လဲ နိုးနေဟန်တူကာ မျက်နှာတောင်သစ်ပြီးဟန်ပင်။

"စောလှချည်လား ရိပေါ်"

"ဒီနေ့ အစမ်းလေ့ကျင့်ရေးတွေအတွက် စမယ့်နေ့လေ။ ကျွန်တော်ရယ် ၊ Miller တို့နှစ်ယောက်ရယ် ၊ Mike ပြီးတော့ ကျန်းချန်ကောက လူ၊ အခြားအဖွဲ့သားတွေက ဖုတ်ကောင်တွေအဖြစ် ခြယ်သ သရုပ်ပြလေ့ကျင့်ရမှာ။ "

"ခြယ်သပြီး သရုပ်တောင်ပြဦးမယ်ပေါ့။"

"ကောပဲပြောထားတာဆို မကြုံဖူးတဲ့ရန်သူတွေရဲ့ အသွင်အပြင်ကြောင့် ကြောက်လန့်မနေဖို့ရာနဲ့ ဆောင်ရန်ရှောင်ရန်တွေကို သေချာသင်ဆို...။အဲ့ဒါကြောင့် ကျန်းချန်ကောက ဒီလိုအကြံပေးတာ။ "

"ငါကစကားအဖြစ်ပြောတာလေ အခုက အတည်ပေါက်ကြီးခြယ်သတော့မလို့လား။ ကျန်းချန်လဲ ကလေးတွေနဲ့လိုက်ပေါတယ် တကယ်။ ဘယ်သူမှ မကန့်ကွက်ကြဘူးလား။"

"အကုန်လုံးက ဖုတ်ကောင်နေရာကနေပဲ နေချင်နေကြလို့ မနည်းတောင်လူပြန်ခွဲထားရတယ်။ ယွီပင်နဲ့ဟောက်ရွှမ်းတောင်ပါသေးတယ်လေ သရုပ်ပြတဲ့အထဲ။ အချေဖုတ်ကောင်နဲ့ မျက်ပြူးဖုတ်ကောင်လေးပေါ့ "

သူ့ဘာသာပြော သူ့ဘာသာသဘောကျကာ ခွက်ထိုးခွက်လန် ထရယ်နေသည့် ရိပေါ်ကိုကြည့်ပြီး ရှောင်းကျန့်ကိုယ်တိုင်ပါ ပြုံးစိစိဖြစ်လာဖြစ်နေချိန်မှာပင် တံခါးခေါက်သံနဲ့အတူ အသာလေးခေါင်းပြူလာကာ

"ရိပေါ်ကြာလိုက်တာကွာ..."

ဟူသော အသံပြုသံနှင့်ကပ်လျက် အခန်းထဲဝင်လာသည့်ယွီပင်နှင့်ဟောက်ရွှမ်း။ ဖုတ်ကောင်နေရာမှာ သရုပ်ပြရမှာမို့ မျက်နှာမှာ အမဲဆီများပေပေရေရေ လိမ်းကျံထားကာ အဝတ်အစားများက ဖရိုဖရဲ။ အရယ်ချင်ဆုံးက ဟောက်ရွှမ်းဧ။် အမဲဆီဗရပွနှင့် ခပ်ချေချေမျက်နှာထား၊ ခပ်ပြူးပြူးမျက်လုံးလေးများ ပေကလပ်ပေကလပ်နှင့် ရှိနေသောယွီပင်တို့ပင်ဖြစ်သည်။ အားကြိုးမာန်တက်ပြင်ဆင်နေကြသည်မို့ မရယ်ရက်တော့ပဲ လေးယောက်သား အခန်းအပြင်ဘက်သို့ ထွက်လာခဲ့ကြပြီး ကုန်းပတ်ဘက်သို့ထွက်သည့် တံခါးဝနားအရောက်မှာတော့...

The Survivors (FTC Sequel) Where stories live. Discover now