ကျန့်ကောလက်ကလွတ်သည်နှင့် ကုန်းပတ်ဘက်သို့ ရိပေါ်ထွက်လာခဲ့သည်။ နေရောင်စတင်ထွက်လာပြီး နေရောင်ခြည်နုနုဖြာကျနေသည့်အပြင် ကုန်းပတ်က လေတဖြူးဖြူးတိုက်နေသည့် နေရာဖြစ်တော့ ထိုနေရာမှာ Miller, Wayne ယွီပင်နှင့်အတူ ဟောက်ရွှမ်းပါရှိနေသည်။ လက်ထဲခွက်တခွက်စီနှင့် ထိုင်သူထိုင်၊ မတ်တပ်ရပ်သူရပ်ဖြင့် ရှိနေကြသည့် သူတို့ရှိရာ ရိပေါ်ထွက်လာပြီး အပြင်ဘက်ရောက်သည်နှင့် လပ်ကီးက Wayne ရှိရာ တချိုးတည်း ပြေးကာ နမ်းရှုံ့နေတော့သည်။
"ဟာ လပ်ကီး...လွမ်းလိုက်ရတာကွာ...တစ်ယောက်တည်း လာတာလား။"
Wayne က သူ့အနားရောက်လာသည့် လပ်ကီးကိုပွတ်သပ်ကာပြောရင်းဖြင့် အနောက်ဘက်သို့လှမ်းကြည့်လာသည်။ မိမိကိုမြင်သည်နှင့် Wayne က ပြုံးပြလာကာ ပခုံးကိုခပ်ဖွဖွထိုးလာပြီး....
"အိပ်လိုက်တာ အခုမှနိုးတယ်ပေါ့။"
"ညကအိပ်မပျော်ဘူးကွ ဟိုတွေးဒီတွေနဲ့ မင်းမှာအလုပ်မရှိဘူးလား Wayne ။ Miller ပြောတော့ မင်းတို့နှစ်ယောက်မှာ လေ့ကျင့်ရေးပေးတဲ့ အလုပ်တွေရှိတယ်ဆို။"
"အခုမဟုတ်တော့ဘူး။ ကျန်းချန်ကောတို့ပြန်ရောက်လာပြီဆိုတော့ သူတို့ဆက်လုပ်မှာပေါ့။"
"ရိပေါ် ကော်ဖီသောက်မလား "
သောက်လက်စကော်ဖီခွက်ကို လှမ်းပေးလာသည့် Miller ထံကကော်ဖီကို ကုန်လုနီးနီးမော့သောက်ပစ်လိုက်ပြီးနောက် လက်ထဲကိုင်ထားလက်စ မုန့်ကိုပါ တစ်ဝက်ယူစားမိသည့်အခါ ယွီပင်ကမဲ့ပြသည်။
"ဘာမဲ့တာလဲ။"
"သောက်ချင်ရင် Dinning room ထဲက သွားယူလေ။ သူများသောက်နေတာကို"
"Dinning room ထဲမှာ ကျန့်ကောတို့ရှိနေမှာ။ မသွားရဲသေးဘူး။"
"မသွားရဲရအောင် မင်း ရှောင်းကျန့်ကောကို ဘာလုပ်ထားပြန်ပြီလဲ။"
မနက်စာ ကော်ဖီသောက်နေပေမယ့် မျက်နှာတောင်သစ်ရသေးဟန် မတူသည့် ယွီပင်က ပွယောင်းယောင်းဆံပင်၊ ပေစောင်းစောင်း မျက်နှာပေးဖြင့် ရယ်ချင်စရာကောင်းနေသည်။
"တခုခုဆို ငါ့ကို ဘာသွားလုပ်လိုက်လဲပဲ မေးကြတယ်။ မင်းတို့ရှောင်းကျန့်ကောက ငါ့ကိုဆံပင်ဆွဲလွှတ်လိုက်တာ သိရဲ့လား?"
YOU ARE READING
The Survivors (FTC Sequel)
FanfictionFic Name - The Survivors (FTC Sequel) Fanfiction အမျိုးအစားပါ Written by choyee6 Fic cover by - Wang Qiu Follow The Command ရဲ့ (The Alien) ကို ဖတ္ဖူးမွ ဒါကိုနားလည်မှာပါရှင်။ Fic Name - The Survivors (FTC Sequel) Written by choyee6 Fic cover by - Wa...