Part - 1 (Unicode)

1.7K 191 161
                                    

ငြိမ်သက်လွန်းပြီး တိတ်ဆိတ်မှုကလွန်ကဲနေသည်မို့ လေတိုးသံကိုပင် ကြားနေရလောက်သည့် တောတွင်းတစ်နေရာထဲ သစ်ရွက်ခြောက်၊သစ်ကိုင်းစတချိုု့ကို နင်းဖြတ်ကာ တန်းစီ၍ အသံတိတ်သွားလာနေသည့် လူတစ်စု။ စုစုပေါင်း ၉ ယောက်ရှိနေပြီး ရှေ့ဆုံးမှဦးဆောင်နေသော ၂ယောက်ကလမ်းကြောင်းရွေးချယ်နေပြီး နောက်ဆုံးမှ လိုက်လာသည့် နှစ်ယောက်အထဲကတစ်ယောက်မှာ ထိုအဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ်ဟန်တူသည်။

အနောက်ဆုံးမှနေ၍ အားလုံးရဲ့လှုပ်ရှားမှုကို စူးစိုက်ကြည့်ကာ တလှမ်းခြင်းတိုးနေခိုက် အလယ်မှလိုက်ပါလာသူ၅ဦးထဲမှ တစ်ယောက်ဧ။် သစ်ကိုင်းခြောက်တက်နင်းမိသံ ချွတ်ခနဲထွက်လာတော့ ထိုခေါင်းဆောင်မှာ မျက်မှောက်ကြုတ်သွားတော့သည်။ သစ်ကိုင်းခြောက်နင်းမိသူ ကောင်လေးက မလုံမလဲဖြင့်လှည့်ကြည့်လာကာ လေသံတစိုးစိမထွက်စေရ နှုတ်ခမ်းသာလှုပ်ကာ စကားတခွန်းဆိုလာသည်။

"တောင်းပန်ပါတယ် Commander In Chief"

ရှောင်းကျန့်မှာမိမိထံသို့တောင်းပန်လာသည့် ထိုအဖွဲ့ဝင်ကို အသိအမှတ်ပြုခေါင်းဆတ်ပြပြီးနောက် သစ်ကိုင်းခြောက်သံကြောင့်ရပ်တန့်သွားသည့် အဖွဲ့ကို လှုပ်ရှားမှုပြန်စတင်ရန် အချက်ပြလိုက်သည်။ ထိုအချက်ပြမှုရသည်နှင့် အကုန်လုံးကစတင်လှုပ်ရှားလာကာ အဖွဲ့ဝင်အသစ်မှာလဲ တူညီသည့်အမှားမျိုး၊ သတိလက်လွတ်ပြုမူမှုမျိုးထပ်မဖြစ်စေရန် မိမိသင်ကြားပေးခဲ့သည့်အတိုင်း ခြေဖနောင့်ကိုခပ်ဖွဖွချ၍ အရင်နင်းကာ ခြေဖဝါးထိပ်ကိုငြင်သာစွာချလိုပ်သည်။

ရန်သူလိုက်တာခံနေရသည့် ယခုကဲ့သို့သောအချိန်မျိုး သို့မဟုတ် ရန်သူလက်ကနေပုန်းအောင်ရမည့် အချိန်မျိုးတွင် ခြေသံကအသက်ပင်။ သစ်ရွက်ခြောက်၊သစ်ကိုင်းခြောက်များပေါ်နင်းဖြတ်ရသည့်အခါ အသံတချက်မှမထွက်အောင်တော့ လုပ်ယူလို့မရပေမယ့် ပတ်ဝန်းကျင်မှအသံထက်ကျော်လွန်မသွားအောင်အထိ တိုးညှင်းအောင်တော့ပြုလုပ်နိုင်ရမည်။သို့မှသာ ထိုအသံက ပတ်ဝန်းကျင်မှာတိုက်ခတ်နေသည့် လေထုကြား၊ ငှက်သံတချို့အကြား ပြက်ပျယ်သွားမှာဖြစ်သည်။ ခဏတာမျှ လျှောက်ပြီးသည့်အခါမှာတော့ ရေသံတဝေါဝေါဖြင့် စီးဆင်းနေသည့်စမ်းချောင်းငယ်လေးဆီသို့ရောက်ရှိလာခဲ့သည်။

The Survivors (FTC Sequel) Where stories live. Discover now