Part - 26 (ZG & Uni)

777 97 39
                                        

မိုးရေစက်များ တဖွဲဖွဲကျနေသည့်တိုင်အောင် ရိပေါ်တို့သုံးယောက်မှာ ထီးတစ်ချောင်းစီကိုင်ဆောင်းကာ သ​ဘောင်္ကြီးနားက ခွာလုဆဲဆဲ ဘုတ်လေးထံမှ အကြည့်မခွာ၊မိုးကာကိုယ်စီဝတ်ထားပြီး ဘုတ်လေးပေါ်ရပ်ကာ ဦးထုပ်ကိုယ်စီဆောင်းထားသည့် ကျန့်ကော၊Andy နှင့် ကပ္ပတိန်မီလန်။ သူတို့၃ယောက်သာထွက်ခွာမည့် စစ်ဆေးရေးအပေါ် အထွန့်တက်ချင်သော်ငြား အခွင့်မသာခဲ့​ပေ။

"ဟိုကောင်တွေ မိုးတွေဒီလောက်ရွာနေတာကို။ ဝင်လာခဲ့အခု.."

သ​ဘောင်္အတွင်းပိုင်းမှ ကုန်းပတ်ပေါ်ထွက်သည့် တံခါးဝမှေ​နေ၍ ခါးထောက်ကာအော်နေသည့် ယွီပင့်အသံကြောင့် Miller က အသာလှည့်ကြည့်ကာ ပြောလာသည်။

"ဖေဖေလေး လာခေါ်နေပြီ ပြန်ဝင်ရအောင်"

"ဟုတ်တယ် ဝင်ရအောင်ရိပေါ်။ အခုဆို ယွီပင်ကဆရာရှောင်းတို့ထက် ပိုကြောက်ရတယ်"

မဲ့မဲ့ရွဲ့ရွဲ့ဖြင့် တခွန်းစီဝင်ပြောလာသည့် သူတို့နှစ်ယောက်ကြောင့် ရိပေါ် ဟက်ခနဲတချက်ရယ်ကာ ဝင်ပေါက်ဆီသို့ပြန်လျှောက်လာခဲ့ပြီး ရှုတည်တည်ကြည့်နေသော ယွီပင်ရှေ့တည့်တည့်မှာ ဝင်ရပ်လိုက်သည်။

"ဘာဖြစ်နေတာလဲ ဝင်လာမှာပေါ့"

"မင်းတို့ကမှဘာဖြစ်နေတာလဲ။ မိုးတွေရွာနေတာကို အပြင်ထွက်ရပ်နေစရာလား"

"မင်းနော် ဒီတ​လော ငါတို့ကိုဆို အော်လားငေါက်လားနဲ့ ကျန့်ကောပြန်လာရင် ငါတိုင်မယ်"

"တိုင်လေ။ ရှောင်းကျန့်ကောက မင်းတို့ထွက်ရပ်နေတာကိုမမြင်လို့ မြင်လို့ကတော့ မျက်လုံးကြီးလွင့်ထွက်လာပြီး မင်းအကျီမှာ လာကပ်နေလောက်ပြီ။ အဲ့ဒီလိုအချိန်ဆို ရှောင်းကျန့်ကောက ငါ့ထက်ပြူးတယ်။ ဟိုနှစ်ကောင်တဟိဟိလုပ်မနေနဲ့ မင်းတို့လဲတူတူပဲ။ Andy မသိလို့နော်.."

ယွီပင်အပြောမှာ မထိန်းနိုင်စွာထရယ်ကြတော့ ငေါက်ငမ်းလာပြီမို့ Miller မှာ ဇတ်လေးပုကာ...

"ကပ္ပတိန်ဆိုရင်တော့ မျက်လုံးလွင့်ထွက်လာမှာ မဟုတ်ဘူး။ မျက်မှောင်ကုတ်ကြည့်လွန်းလို့ မျက်ခုံးမွှေးတွေ တွန့်ကွေးကုန်ပြီး ကျွတ်ကျလာမှာ။ ဒီလိုလေ..."

The Survivors (FTC Sequel) Where stories live. Discover now