Part - 15 (Unicode)

653 122 46
                                    

"ရေချိုရဖို့ စက်နဲ့မရနိုင်ဘူးလား"

"ကျွန်တော်သေချာမေးကြည့်ရဦးမယ် ဆရာရှောင်း။ Ray? မီလန်လာရင် ငါကုန်းပတ်ပေါ်မှာလို့ ပြောလိုက်။ Green ကော်ဖီ၂ခွက်"

"ဟုတ်ကဲ့ ကပ္ပတိန်"

"ရေချိုရှားနေပြီဆို ကော်ဖီဖျော်ဖို့ အဆင်ပြေရဲ့လား"

"မနက်ဖြန်ကစပြီး ပုံစံတမျိုးပြောင်းလဲမှာပါ။ ဒီနေ့တော့သောက်လိုက် ဆရာရှောင်း။ ရေကောင်းကောင်းလေးနဲ့ သောက်ရတာ ဒါနောက်ဆုံးဖြစ်လိမ့်မယ်။"

"ဟင်..."

အာမေဋိတ်သံထွက်တော့ Andy က ရယ်ပြကာ ကုန်းပတ်ပေါ် သွားဖို့ခေါ်သည်။ မှောင်နေပေမယ့် လေအေးအေးကြောင့် စိတ်ကခဏခြင်းမှာပင် အေးချမ်းသွားရပြီး ခပ်လှမ်းလှမ်းမှာလဲ ပူအိုက်လို့အပြင်ထွက်ရပ်နေသူ တပ်သားတချို့လဲရှိသည်။ Andy က ဘာမှမမြင်ရသည့် အဝေးတနေရာကိုကြည့်ကာ....

"ဆရာရှောင်း?"

"ပြောပါ Andy"

"ကျွန်တော် ငြီးငွေ့ပြီးပင်ပန်းလို့ အိမ်မက်သာဖြစ်စေချင်တယ်လို့ပြောရင် ဆရာရှောင်းစိတ်တိုမှာလား?"

"မတိုပါဘူး ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်က ခင်ဗျားတကယ်ဆိုလိုချင်တဲ့ အကြောင်းအရာကို သိနေလို့"

&ဘယ်လိုအကြောင်းအရာလဲ ဆရာရှောင်း?"

"အရမ်းကိုရှုပ်ထွေးနေတဲ့ အခုကိစ္စကြီးကို ခေါင်းရှောင်ချင်တဲ သဘောမျိုးမှ ခင်ဗျားကမဟုတ်တာ။ ကပ်ရောဂါကာလကြီးကို ဖြတ်ကျော်ခဲ့စဉ်က ဒီမှာရှိနေတဲ့လူအားလုံးဆီမှာ တမျိုးစီ ခံစားခဲ့ရတဲ့ စိတ်ဒဏ်ရာတွေအပေါ် ထပ်ပြီးဒဏ်ရာတွေမပေးချင်လို့၊ အဖွဲ့သား၊ တွဲဖက်ဆုံးရှုံးရတဲ့နာကျင်မှုတွေ ထပ်မခံစားစေချင်တော့လို့ ဒါတွေကိုအိမ်မက်ဖြစ်စေချင်နေတာကို ကျွန်တော်နားလည်ပြီးသားပါ။"

ထိုစကားလုံးတွေနောက် Andy ပြုံးလေသလား၊မပြုံးလေသလား ရှောင်းကျန့်မသေချာ။ ကော်ဖီကိုတော့ ဆက်သောက်နေပြီး သက်ပြင်းတချက် ရှိုက်ထုတ်လာသည်။

"ဒါပေမဲ့ အခုဖြစ်နေတာ အိမ်မက်မဟုတ်တော့လဲ လမ်းစကိုတွေ့အောင်ရှာရမှာပေါ့။ ဘယ်သူမှ အသိအမှတ် မပြုရင်တောင်၊ ခိုင်းစေခြင်းမရှိရင်တောင် ဒီနယ်ပယ်ထဲကို ဝင်လာပြီးသား ကျွန်တော်တို့ကတော့ ကိုယ့်အသိစိတ်နဲ့ ကိုယ်လုပ်ရမှာပေါ့။ သစ္စာဆိုထားပြီးသားမို့။"

The Survivors (FTC Sequel) Where stories live. Discover now