Part - 5 (Unicode)

789 161 237
                                        

သဘောၤရှိရာပြန်ရောက်သည်နှင့် Andy က ခြေလှမ်းကြဲကြီးများဖြင့် အတွင်းပိုင်းဆီသို့ ဝင်သွားခဲ့ပြီး မေးမြန်းရန်လာနေသည့်ကျန်သူတွေကိုတော့ အနားမကပ်ရန်လက်ကာပြကာ ရဟတ်ယာဉ်ရုံအတွင်း၌ ရပ်လိုက်သည်။ ထို့နောက်....

"ငါကိုယ်တိုင်အပြင် မီလန်, Wayne,  Miller, မင်းတို့သုံးယောက်လုံးလဲ ရေချိုးသန့်စင်ပြီးမှ အခြားလူတွေနဲ့ထိတွေ့ခွင့်ပေးမယ်၊ ရေချိုးခန်းထဲမှာ ကိုယ့်ခန္ဓာကိုယ်သေချာစစ်ဆေးပါ၊ ကုတ်ရာခြစ်ရာထိမိထားတာရှိရင် ငါ့ကိုအကြောင်းကြား သီးသန့်ခန်းထဲမှာ တပတ်ကြာစောင့်ကြည့်ခြင်း ခံရမယ်။ "

"Yes Sir!!"

"သေချာဆန်းစစ်ပါ ရိုးသားစွာထုတ်ပြောပါ ကိုယ့်ကြောင့်နဲ့ကျန်သူတွေ ဒုက္ခမရောက်စေနဲ့။ ကိုယ့်ကိုယ်ကိုယ်စစ်ဆေးပြီး အားလုံးအဆင်ပြေတယ်ဆိုရင် ဒီကို နောက်ဆယ်မိနစ်အတွင်းပြန်လာခဲ့..."

"Yes Sir!!"

စကားဆုံးသည်နှင့် ရေချိုးခန်းရှိရာသို့ Andy ခပ်သုတ်သုတ် သွားခဲ့ကာ တကိုယ်လုံးပြန်စစ်ကြည့်နေသည့် အချိန်အတွင်း ရင်တခုလုံးကတဒိုင်းဒိုင်း ခုန်နေခဲ့ရပြီး ရဟတ်ယာဉ်ရုံထဲ ပြန်လာချိန် မိမိတစ်ဦးတည်းသာရှိနေပြီး ကျန်၃ယောက်ပေါ်မလာသေးတော့ ထိုင်မရ၊ ထိုင်မရဖြစ်ရပြန်သည်။ ခပ်ဝေးဝေးမှာရပ်နေသည့် Ray ကိုလှမ်းကြည့်တော့ သူကလဲမိမိကို မမှိတ်မသုန်ပြန်ကြည့်နေသည်မို့ အဆင်ပြေကြောင်း ခေါင်းညိတ်ပြမှ Ray ထံက သက်ပြင်းကြိတ်ချသံက အတိုင်းသား....

နောက်ထပ် တမိနစ်ကျော်ကြာတော့မှ မီလန်တို့သုံးယောက်မှာ ရှေ့ဆင့်နောက်ဆင့်ဝင်လာကြပြီး မီလန်နှင့် Miller က ခေါင်းညိတ်ပြလာသည်။ သို့သော် Wayne ကတော့ ကိုင်ဆောင်လာသည့် အကျီ၊ အခင်းဖြစ်ပွားချိန်က သူဝတ်ဆင်ထားခဲ့သည့်အကျီကို ဖြန့်ပြလာပြီး ထိုအကျီမှာ လက်မောင်းနားက ဆွဲဖြဲခံရသလို စုတ်ပြဲနေလေတော့ ရင်ထဲမှာ ဒိန်းခနဲပင်။ ဘယ်ကဘယ်လို Wayne အနား ရောက်သွားမိသလဲမသိတော့ အကျီကိုဆတ်ခနဲဆွဲယူလိုက်ပြီးနောက်....

"ဘာကိုပြချင်တာလဲ Wayne? မင်းကိုကုတ်မိထားတယ်လို့တော့ ငါ့ကိုမပြောနဲ့...။"

The Survivors (FTC Sequel) Where stories live. Discover now