Part - 23 (ZG & Uni)

727 116 50
                                    

ရဟတ်ယာဉ်ရုံအတွင်း တစတစ စုရုံးရောက်ရှိလာသည့် တပ်သားတွေကို Andy ကြည့်နေရင်း ပြောပြရမည့်အကြောင်းအရာကို စာစီနေရသည်။ ကြောက်လန့်လွန်မသွားအောင်၊ သွေးမပျက်သွားအောင် စကားလုံးရွေးချယ်ရပေမည်။ ဆရာရှောင်းကတော့ ခပ်လှမ်းလှမ်းမှာ ရပ်နေကာ ကျန်းချန်တို့ကို ပြောပြနေဟန်ပင်။ လူစုံသွားပြီဖြစ်သည့်အတွက် ချောင်းတချက်ဟန့်လိုက်တော့ အားလုံးရဲ့အကြည့်က မိမိထံသို့ရောက်လာကြသည်။

"ဒီနေ့နေ့လည်ပိုင်းလောက်က သဘောင်္တွင်းဖြစ်ပျက်ခဲ့တဲ့ ကိစ္စတွေကို မင်းတို့တွေသိထားပြီးလောက်ပါပြီ။ အဲ့ဒီကိစ္စနဲ့ပတ်သတ်လို့ တရားဝင် အသိပေးစရာရှိတဲ့အတွက် ဒီနေရာကိုခေါ်ဆောင်ရခြင်းဖြစ်တယ်။"

"............"

"လွန်ခဲ့တဲ့ ၃ ရက်က ဆောင်ရွက်ခဲ့ကြတဲ့ Mission မှာ mission အောင်မြင်ခဲ့ပေမယ့် ထိခိုက်လာသူတွေရှိခဲ့တယ်။ Miller, Wayne နဲ့ ရိပေါ်ပါ။ ဒါတွေလဲသိထားပြီးလောက်ပါပြီ။ လက်ရှိဖြစ်ပွားနေတဲ့ ကူးစက်ရောဂါတမျိုးရဲ့ ရှေးဦးလက္ခဏာတွေဟာ ၃ရက်ကနေစတင်ပြီး ပြသလာမယ်လို့ ဒေါက်တာယွီပင် ပြောထားဖူးတဲ့အတွက် သံသယရှိနေပြီဖြစ်တဲ့ သူတို့သုံးယောက်ကို အခန်းခွဲထားခဲ့တယ်။"

".............."

"ယနေ့ ၃ရက်မြောက်နေ့မှာပဲ သုံးယောက်စလုံးမှာ ထူးခြားလက္ခဏာတွေပြသလာခဲ့လို့ ဆေးစစ်ပြီးနောက်မှာ...."

ကျန်ရှိနေသေးသည့် စကားလုံးတွေကို ထုတ်ပြောဖို့ရာ Andy အတွက် အလွန်လေးလံလွန်းသည်။ ထို့ကြောင့် အသံတိတ်သွားတော့ ငေးကြည့်လာကြသည့် မျက်လုံးတွေထဲ မေးခွန်းပေါင်းမြောက်မြားစွာ ရှိနေကြောင်း သတိပြုမိသည့်နောက်တော့ သက်ပြင်းတချက်ကြိတ်ချလိုက်ရသည်။

"Miller နဲ့ ရိပေါ်မှာ ကူးစက်ခံထားရပြီဆိုတဲ့ စစ်ချက်ထွက်လာပါတယ်။"

ထိုသို့ဖြစ်မည်ဆိုတာကို တွက်ထားပြီးကြသည့်တိုင် အာမေဋိတ်သံတွေက ဟိုမှသည်မှထွက်လာခဲ့ပြီး စကားပြောသံတွေပါကျယ်လာခဲ့ကြသည်။ ခဏမျှပြောခွင့်ပြုလိုက်ပြီးနောက် မိမိ လက်ထောင်ပြလိုက်တော့လည်း အသံများကတိခနဲ။

The Survivors (FTC Sequel) Where stories live. Discover now