မနေ့ညကအဖြစ်အပျက်ကြောင့် ညကတော်တော်နဲ့အိပ်မပျော်ခဲ့သည့်တိုင်အောင် မနက်၅ခွဲခန့်မှာပင် ရိပေါ်အိပ်ရာနိုးလာသည်။ ကုတင်လေးအပေါ်မှအသာဆင်း၍ အိပ်ခန်းဝနားရောက်တော့ ယွီပင်ကသူကုတင်ပေါ်ကနေ ခေါင်းထောင်ကြည့်လာသည်မို့...
"ပြန်အိပ်ယွီပင် အစောကြီးရှိသေးတယ်။"
"မင်းဘယ်သွားမလို့်လဲရိပေါ်။ အိပ်ရာထတာဆိုငါလဲထတော့မယ်။"
"မထပါနဲ့ငါက လုပ်စရာရှိလို့ထတာ။ ဟောက်ရွှမ်းလဲအိပ်နေတုန်းလေ မင်းတစ်ယောက်ထဲကျန်မနေပါဘူး။"
ကုတင်သုံးလုံးကို တြိဂံပုံစံနေရာချထားသည့်အခန်းလေးထဲက ကုတင်တစ်လုံးပေါ်အိပ်နေဆဲ ဟောက်ရွှမ်းကိုလက်ညှိုးထိုးပြတော့မှ ယွီပင်ကခေါင်းညိတ်ပြကာ ပြန်လှဲချသွားသည်။ အရင်ကဆိုတော်တော်နဲ့မနိုးတဲ့သူ၊ တစ်ယောက်တည်းအိပ်ရတာကောင်းတယ်ဟု အမြဲပြောနေသူယီ်ွပင်က အခုတော့အခန်းထဲ တယောက်ထဲနေလိုဟန်မရှိပဲ ကြောက်စိတ်ဝင်နေဟန်တူသည်။ အခန်းအပြင်ရောက်သည်နှင့် ကောကိုလဲသူ့အခန်းထဲမှထွက်လာသည်ကို တွေ့လိုက်ရသည်။
"နိုးပြီလား ကော။"
"အင်း ငါတို့ပြန်ရောက်နေကြောင်း Andy ကိုလဲပြောပြရဦးမှာရယ်၊ပြီးတော့ Report ရေးဖို့လဲရှိနေလို့ စောထတာ။ ဟိုက်ခွမ်းနဲ့ ကျန်းချန်လဲနိုးနေပြီ မနက်စာပြင်နေတယ်။"
"ကော Andy ဆီကိုဆက်မယ်ဆိုဆက်လေ။ ဖုန်းဆက်နေတုန်း ကျွန်တော် Report မှာရေးဖို့ အကြမ်းပြင်ပေးထားမယ်။ အချောသတ်တာကိုတော့ ကောဖုန်းပြောပြီးမှလုပ်ပေါ့။"
"ကျေးဇူး....လာ....လေ့ကျင့်ရေးတစ်လျှောက် ငါမှတ်ထားတာတွေလဲရှိတယ်။ အဲ့ဒီအပေါ် အခြေခံရေး"
နှစ်ယောက်သား ဧည့်ခန်းထဲကခုံတွေဆီမှာ ကိုယ်စီဝင်ထိုင်ရင်း ကျန့်ကောက စာရွက်တွေထုတ်စီနေချိန် ရိပေါ်အကြည့်တွေက မီးဖိုခန်းဆီသို့ အကြည့်ရောက်သွားသည်။ မနက်စာအတူတူပြင်နေသည့် ဟိုက်ခွမ်းကောတို့မှာ ယမန်နေ့တွေနဲ့မတူ ခပ်လေးလေးဖြစ်နေကာ တီးတိုးတီးတိုးဖြင့် စကားပြောနေကြပြီး လပ်ကီးပင်လျှင် သွက်လက်မှုမရှိ၊ တခုခုကို လန့်နေသည့်အလား စားပွဲအောက်ထဲတိုးဝင်အိပ်နေသည်။ ထို့ကြောင့်....
YOU ARE READING
The Survivors (FTC Sequel)
ФанфикшнFic Name - The Survivors (FTC Sequel) Fanfiction အမျိုးအစားပါ Written by choyee6 Fic cover by - Wang Qiu Follow The Command ရဲ့ (The Alien) ကို ဖတ္ဖူးမွ ဒါကိုနားလည်မှာပါရှင်။ Fic Name - The Survivors (FTC Sequel) Written by choyee6 Fic cover by - Wa...
