Part - 2 (Unicode)

996 177 78
                                        

သစ်ရွက်ခြောက်များကိုနင်းဖြတ်လာသံ တဖျောက်ဖျောက်....လက်နက်ကိုယ်စီကိုင်ဆောင်ကာ ရှေ့သို့တလှမ်းစီတိုးလာသည့် လူ၁၅ဦး။ အနံ့ခံခွေးများပါလာသော်လည်း ရုတ်တရက်အနံ့ပျောက်သွားသည့်ပမာ ခွေးများကနေရာမှာပင် ရပ်တန့်သွားကြသည်။ 

သူတို့မျက်စိရှေ့တွင် ရှိနေသည့် ရွံအိုင်ကို သေချာစွာ ကြည့်ရှုပြီးနောက် ရေအနည်းငယ်ဖြတ်စီးဆင်းနေသည့် ချောင်းလေးထဲက ကျောက်ခဲတချို့ကိုဖြတ်နင်း၍ ရှေ့ဆက်ရန်းကြိုးပမ်းလိုက်ပြီး ထိုသို့ကြိုးပမ်းလိုက်ခြင်းက သူတို့အဖွဲ့ရဲ့ အကြီးမားဆုံးသော အမှားတခုပင်။ ရုတ်တရက်ဆိုသလို ခန္ဓာကိုယ်ပေါ်က အဝတ်အစားတွေမှာ ရွှံတွေသုတ်လိမ်းထားပြီး အပင်တွေနောက်မှထွက်လာကြသည့် လူ၉ယောက်ကဝိုင်းထားကာ လက်နက်တွေဖြင့်ထိုးချိန်လာသည်။ ထို့နောက်ထိုလူ၉ယောက်ထဲက ခေါင်းဆောင်ဖြစ်ဟန်တူသူက....

"လက်နက်ချ!!!"

လက်နက်ကိုယ်စီချကာ တန်ပြန်ကြည့်လာသော ခြေရာခံအဖွဲ့မှလူများကိုကြည့်၍ ရှောင်းကျန့်မျက်နှာပေါ် ပေါ်လာသည့်အပြုံးတပွင့်။ ထိုတပွင့်က မိမိတို့အဖွဲ့အသာစီးရသွားပြီ ဟူသော အဓိပ္ပယ်ပင်ဖြစ်သည်။ ထိုအချိန်မှာပင် လက်နက်ချထားသောအဖွဲ့က သူတို့နှင့်အနီးဆုံးမှာရှိနေသည့် မိမိအဖွဲ့သားထဲမှ တစ်ယောက်ကိုလှမ်းဆွဲလိုက်သည်နောက် စတင်လာသည့် အနီးကပ်တိုက်ပွဲမှာ လက်နက်အသုံးပြု၍ မရတော့။ လက်နက်အစား လက်ကိုသာ အသုံးပြု၍ သတ်ပုတ်ပွဲကြီးကစတင်ခဲ့တော့သည်။ လူအင်အားက တဖက်အဖွဲ့မှာသာသော်လည်း စည်းစနစ်ကျပြီး လျှင်မြန်မှုက မိမိအဖွဲ့မှာသာသည်မို့ ထိုပွဲကိုရှောင်းကျန့် လျှင်မြန်စွာပင် နိုင်ပွဲဖြင့် အဆုံးသတ်ပေးနိုင်ခဲ့သည်။

"Mission completed!! Alpha won the Battle!!"

ထို့နောက်နှစ်ဖက်အဖွဲ့မှ လူများထံကလက်ခုပ်သံတွေစတက်ထွက်ပေါ်လာပြီး မြေပြင်ပေါ်ဖင်ထိုင်လျက်ရှိနေဆဲ တဖက်ခေါင်းဆောင်ကို ရှောင်းကျန့်က လက်ကမ်း၍ထစေလိုက်သည်။ ထိုလူက မိမိကိုလက်ဆွဲနှုတ်ဆက်ပြီးနောက်

"ဆရာရှောင်းကတော့ ဆရာရှောင်းပါပဲ။ဆယ်ရက်လုံးလုံး ဘယ်လိုမှ ခြေရာခံမလိုက်နိုင်အောင် သိုသိပ်နိုင်ပြီး တိုက်စစ်ကိုလဲခဏလေးအတွင်းမှာ ဆင်သွားနိုင်တယ်။ "

The Survivors (FTC Sequel) Where stories live. Discover now