Part - 14 (Unicode)

687 115 100
                                    

"ဆရာရှောင်း? ကပ္ပတိန်ခေါ်ခိုင်းလိုက်ပါတယ်။ အကုန်လုံးလာခဲ့ပါတဲ့"

ဒုတိယဖိုင်မှ စာရွက်စာတမ်းနဲ့ပတ်သတ်ပြီး ယွီပင်လေ့လာနေသည့် ဒီတရက်ထဲ သဘောၤကလဲပင်လယ်ထဲ ရပ်နားထားပြီး ထွေထွေထူးထူးလဲ ဘာမှမရှိသည်မို့ ညနေခင်းချိန်လေးမှာ အခန်းတခုထဲ Alpha Team အကုန်လုံး စကားစုပြောနေခိုက် အကြောင်းကြားလာသည့် တပ်သားလေးကြောင့် ရှောင်းကျန့်ထရပ်လိုက်ကာ မီတင်ခန်းရှိရာသို့ ထွက်လာခဲ့သည်။ ရောက်ရှိချိန်မှာတော့ Andy၊ ယွီပင်နှင့်မီလန်ပါ ရှိနေခဲ့ပြီး မိမိတို့အား စောင့်နေခဲ့ဟန်ပင်။

"ထိုင် ဆရာရှောင်း။ ယွီပင်က သူတွေ့ထားတာလေးတွေ ပြောချင်လို့တဲ့။ အရေးကြီးတယ်တဲ့လေ။"

"ဟုတ်ကဲ့။"

ယွီပင့်မျက်နှာကား မိမိစိတ်ထင်နေလို့လားတော့မသိ စိတ်ရှုပ်ထွေးနေပုံရသည်။ Andy စကားဆုံးသည်နှင့် ယွီပင်က ကျောတချက်ဆန့်ကာ ဖိုင်တွဲပေါ်လက်တင်လိုက်ပြီးအကုန်လုံးထံသို့ ဝေ့ကြည့်လာသည်။ ထို့နောက်..

"သုတေသနအချက်အလက်က အများကြီးပေမယ့် အဓိကက ၃ခုပဲ ပါပါတယ်။ လူသုံးယောက်ရဲ့ ဆေးစစ်ချက် အသေးစိတ်တွေပေါ့။ အခုုဖြစ်နေတဲ့ ဖြစ်ရပ်တွေက အရပ်သားတွေနဲ့ တချို့လူတွေကြားထဲမှာ ဖုတ်ကောင်ဖြစ်သွားတယ်လို့ သုံးနှုန်းကြပေမယ့် ဒါဟာ Virus တမျိုးကြောင့်ဖြစ်တာလို့ Andy တို့နဲ့ရှောင်းကျန့်ကောတို့က လက်ခံထားတယ် မဟုတ်လား။"

"အင်း....."

"လူသုံးယောက်ရဲ့စစ်ချက်က သုတေသနခန်းက သန့်ရှင်းရေးဝန်ထမ်းရယ်၊ သုတေသနာဌာနကို Supplies ပို့တယ်ဆိုတဲ့လူရယ်၊ နိုင်ငံခြားမှာ ပထမဆုံးစတွေ့တဲ့သူရယ် စတဲ့သုံးယောက်ရဲ့ စစ်ချက်ပါ။ မတူညီတဲ့ Virus မျိုးကွဲ၂ခုကို တွေ့ရပါတယ်။"

ထိုစကားကြားတော့ Andy က ခေါင်းတဆတ်ဆတ်ညိတ်ပြကာ စကားထောက်လာသည်။

"အင်း ငါ့ကိုသမ္မတကြီးက ပြောထားတယ်။ နိုင်ငံခြားမှာဖြစ်တာနဲ့ ငါတို့ဆီမှာဖြစ်တာ မတူညီပါဘူးတဲ့။ အဲ့ဒါကြောင့် မတူညီတဲ့ ပျံ့နှံ့မှုပုံစံ၂ခုရှိမယ်လို့ ယူဆတယ်။ "

The Survivors (FTC Sequel) Where stories live. Discover now