Part - 6 (Unicode)

751 173 89
                                    

တာဝန်ကျရာနေရာက မြေအောက်ထပ်၂လွှာမှာဖြစ်ပေမယ့် မကြာခဏဆိုသလို အကြောင်းအမျိုးမျိုးရှာ၍ အပေါ်ထပ်ကို Alexander တက်ဖြစ်နေသည်။ မြေအောက်ထပ်တွေက အပေါ်ထပ်တွေနဲ့မတူသည့်ဖွဲ့စည်းပုံဖြစ်သည်နှင့်အညီ တံခါးတွေအစ လျှောတံခါးလိုအခိုင်အမာတွေနဲ့ ဖွဲ့စည်းထားပြီး အသံလုံခန်းအများစုရှိကာ ဝန်ထမ်းတွေမှာလဲ မိမိတာဝန်ကျရာ အခန်းတွေမှာသာ ရှိနေတတ်ကြသည်မို့ လျှောက်လမ်းစင်္ကြန်၊ စက်ပစ္စည်းတွေနှင့် ကန့်သတ်ထားရာအခန်းတွေက တိတ်ဆိတ်ငြိမ်သက်လို့နေသည်။

ဖိုင်ချပ်တချပ်ကိုကိုင်ဆောင်ကာ မြေညီထပ်ဆီသို့ သွားနေသည့် Dr Alexander က သွားရာလမ်းတစ်လျှောက် တွေ့သမျှ လုပ်ဖော်ကိုင်ဖက်တွေအားပြုံးပြရင်း မြေအောက်ထပ် ပထမအလွှာဆီသို့ ရောက်သည့်အခါမှာတော့ ခြေလှမ်းတို့က ရပ်တန့်သွားသည်။ မြေညီထပ်နှင့်မိမိတို့ မြေအောက်ထပ် ဒုတိယအလွှာကြားရှိနေသည့် ဤပထမအလွှာမှာတော့ သုတေသနပရော့ဂျက်အတွက် အကြီးပိုင်းရာထူးရှိသူများနှင့် Prof Matthew တို့ဧ။် နားနေခန်း၊ကိုယ်ပိုင်သုတေသနအခန်းငယ်များ ထားရှိသည်။

Prof Matthew ဟူသော နာမည်ကိုစဉ်းစားမိသည်နှင့် ပထမအလွှာရဲ့ထောင့်ဘက်အကျဆုံး၊ သီးသန့်အဖြစ်ဆုံးနဲ့ ထောင့်အစွန်မှာ သီးသန့်တခန်းတည်းလိုဖြစ်နေသည့် အခန်းတစ်ခန်းဆီသို့ပါ အကြည့်ရောက်သွားသည်။ သုတေသနပညာရှင်တွေ အပါအဝင် ဝန်ထမ်းပေါင်း၅၀၀၀ ကျော်ရှိနေသည့် ဒီအဆောက်အဦး၊ မြေပေါ်မှာ၃လွှာ၊ မြေအောက်မှာ၂လွှာဖြင့် ဖွဲ့စည်းထားသော ကြီးမားခိုင်ခန့်ကျယ်ဝန်းသော ဒီအဆောက်အဦးထဲမှာ Prof Matthew က တာဝန်အရှိဆုံး၊ ရာထူးအကြီးဆုံးဖြစ်လို့ သူ့အတွက်သီးသန့်အခန်းမှာလဲ ကျယ်ဝန်းလှပြီး အခန်းထဲမှ သုတေသနအခန်းငယ်လေးပါ ပါဝင်ကာ ရေချိုးခန်း၊အိမ်သာကအစတွဲလျက် ။

ထို့အတူ ဒီတလကျော်အတွင်းမှာ ယခင်လိုမိုးလင်းမိုးချုပ် အလုပ်ရှိရာအထပ်မှာပဲ အချိန်ကုန်ဆုံးမနေတော့ပဲ မကြာခဏဆိုသလို အခန်းရှိရာပြန်တတ်သည့် Prof matthew, အစည်းအဝေး၊ စကားပြောနေချိန်မှာပင် လက်မှာပတ်ထားသည့်နာရီမှ အချက်ပြသဏ္ဍန် အနီစက်လင်းလာပါက စကားဖြတ်ကာ အခန်းရှိရာပြန်တတ်သူ Prof matthew,  ထိုမျှမကသေး မိမိအပါအဝင် သုတေသနပညာရှင် အကုန်လုံးကို မကြာခဏ မလုံမလဲဟန်ဖြင့် ခိုးကြည့်နေတတ်သူ Prof matthew.....ရုတ်တရက်ပြောင်းလဲလာသည့် အမူအကျင့်တွေက ဘာများလဲ? အခန်းထဲမှာဘာရှိနေလို့လဲ? ဒါမှမဟုတ် ဘာလုပ်နေခဲ့တာလဲ...

The Survivors (FTC Sequel) Where stories live. Discover now