Part - 17 (Unicode)

607 97 20
                                    

"Bridge ပြန်ရအောင် ဆရာရှောင်း။"

ရဟတ်ယာဉ်ရုံထဲက အတုံးအရုန်းလဲနေသူများဆီမှ အကြည့်ခွာကာ Andy က ဆိုလာတော့ ခေါင်းညိတ်ပြကာ Bridge ရှိရာထံသို့ ပြန်ရောက်လာခဲ့ကြသည်။ Bridge ထဲမှာ Ray , Paul နှင့် အခြားတပ်သားတချို့သာရှိနေပြီး Ray က အကူအညီတောင်းခံ အသံလွှင့်ခြင်းတောင် လုပ်နိုင်ဟန်မတူတော့ ခုံပေါ်မှောက်၍ လှဲနေခဲ့ရာမှ Andy အသံကြားတော့ ခေါင်းပြန်မတ်ကာ အလုပ်ဆက်လုပ်ရန်ကြိုးစားနေရှာသည်။

"Ray? ခဏနားလိုက်ဦး အသံဒီလောက်လွှင့်နေတာ အနားမှာ ရေယာဉ်တခုခုရှိရင် အခုလောက်ဆို အကြောင်းပြန်မှာပဲ။"

"ဟုတ်ကဲ့..."

ထိုအခိုက်မှာပင် တပ်သားတစ်ဦးက ဘူးထဲမှာတစ်ဝက်ခန့် ရေကျန်သေးသည့် ဘူးတစ်ဘူးကိုယူဆောင်ကာ Andy ကို ပြန်လာပေးလာသည်။

"Green တို့ကို မျှတိုက်လိုက်လို့ပြောလိုက်တယ်လေ "

"ဒေါက်တာယွီပင်တို့က သူတို့မှာရှိတဲ့ရေကိုပဲ သုံးမယ်တဲ့ ဒါကို ကပ္ပတိန့်ကို ပြန်ပေးလိုက်ပါဆိုလို့။"

"အင်း နားလည်ပြီ။"

ထိုတပ်သားလေး ထွက်သွားပြီးနောက် Andy က ရေဘူးကိုကိုင်ကာ Ray ထံသို့ပေးလိုက်သော်ငြား Ray က လှမ်းမယူ ခေါင်းခါပြလာသည်။

"အားလုံး ဒုက္ခရောက်နေတာကိုကွာ ဒီထဲကလူအကုန်မျှသောက်လိုက်ကြ။ "

"အဲ့ဒါ ကပ္ပတိန်ရေဘူးလေ ။ ကျွန်တော်တို့မသုံးပါရစေနဲ့"

"ငါ့ရေဘူးထဲ မင်းတို့ မသိမသာနဲ့ လာလာခိုးထည့်နေတာ ငါမသိဘူးများ ထင်နေတာလား။ ဒီမှာရှိတဲ့သူ တစ်ယောက်မကျန် ယူသောက်၊ ပြီးရင်ပြန်လာပေး။"

"ကပ္ပတိန်...."

"အမိန့်နော်....အေး။"

အမိန့်နဲ့ကိုင်ပေါက်တော့မှ Ray က ရေဘူးကိုလှမ်းယူတော့သည်။ မလှမ်းမကမ်းမှာရှိနေသည့် ဆရာရှောင်းအနား ပြန်လျှောက်သွားကာ ပခုံးတဖက်ကို လှမ်းကိုင်လိုက်ရုံမှာပင် ဆရာရှောင်းရဲ့ခန္ဓာကိုယ်က ယိုင်ဆင်သွားသည်မို့ လက်မောင်းတဖက်မှ ဆွဲထိန်းလိုက်ပြီး....

The Survivors (FTC Sequel) Where stories live. Discover now