"အပေါ်ဆုံးထပ်မှာတဲ့လား?"
"ဒါက လွန်ခဲ့တဲ့လအနည်းငယ်က သိထားတာပါဆရာရှောင်း။ ဒီကြားထဲအပြောင်းအလဲရှိနိုင်တယ်။ သေချာသိရဖို့က သမ္မတကြီးကို ဆက်သွယ်နိုင်မှဖြစ်မယ်။"
Andy စကားကြောင့် အကုန်လုံးခေတ္တငြိမ်သွားကာ ယွီပင်ပြန်သွားပြီးနောက် မီလန်ကလဲ အင်ဂျင်ခန်းရှိရာ ပြန်ထွက်သွားပြီမို့ ကျန်နေသူတွေမှာ မိမိ၊ ဟိုက်ခွမ်းတို့နှစ်ယောက်နှင့် ရိပေါ်သာကျန်သည်။
"တကယ်လို့ ကျွန်တော်တို့သွားမယ်ဆိုရင် ဝင်လို့ရနိုင်ပါ့မလား Andy?"
"မြေအောက်၂လွှာက ဝင်ဖို့ရာခက်ခဲလိမ့်မယ်။ အဲ့ဒီ၂ထပ်ကို ဝင်လို့ရတဲ့ Access က Prof Matthew နဲ့ Dr Alexender ပဲရှိတယ်။ ကျွန်တော်တို့ ဝင်မယ်ဆိုရင် မြေညီထပ်ကဝင်ဖို့ လုံးဝမလွယ်ဘူး။ အပေါ်ဆုံးထပ်ကို ရဟတ်ယာဉ်နဲ့ဆင်းရမယ်။ အဲ့ဒါကိုယူပြီးရင်လဲ ရဟတ်ယာဉ်နဲ့ချိတ်ပြီးပဲ ပြန်သယ်ရမှာ။"
"ကျွန်တော်တခုပြောလို့ရမလား Andy?"
"ပြောပါ ဟိုက်ခွမ်း။ ဝင်ရောက်ဆွေးနွေးလို့ရပါတယ်။ ခွင့်တောင်းဖို့ မလိုအပ်ပါဘူး။"
"ဂြိုလ်သားအလောင်းကို အလွယ်တကူ ယူလို့ရရင်တောင် ရဟတ်ယာဉ်ရဲ့စက်သံကို ထိန်းချုပ်ဖို့မလွယ်ဘူး ထင်တယ်။ ကျွန်တော်တို့ကို လာခေါ်တုန်းကတောင် စက်သံကြောင့် အုံလိုက်ကျင်းလိုက် ပြေးတက်လာကြတာ။"
"ဟုတ်ပါတယ်။ အဲ့ဒါအပြင် အလောင်းက ဖန်ပေါင်းချောင်နဲ့ထည့်ထားလို့လေးတယ်၊ ရဟတ်ယာဉ်သံကြားတာနဲ့ ထလိုက်မယ့် အကောင်တွေကို ဘယ်လိုထိန်းချုပ်ရမလဲနဲ့ အဲ့ဒီကြားမှာ လေးလံတဲ့ဖန်ပေါင်းချောင်ကို ဘယ်လိုသယ်ထုတ်ရမလဲ ဆိုတာ အတော်ကိုခေါင်းချောက်နေရတယ်။"
".............."
"ကျွန်တော် သမ္မတကြီးနဲ့ရအောင် ဆက်သွယ်ကြည့်ပြီး အဆောက်အဦးရဲ့ အတွင်းပိုင်းဖွဲ့စည်းပုံနဲ့ စနစ်တွေကိုမေးမြန်းလိုက်ပါဦးမယ်။ ဆက်သွယ်ရေးတွေကလဲ တခါဆက်သွယ်နိုင်ဖို့ဆိုတာ လေးငါးရက်လောက် ကျန့်ကြာနေတာဆိုးတာ...။ တခုခုထူးခြားရင် ကျွန်တော်အားလုံးကို ထပ်ပြောပါ့မယ်။"
YOU ARE READING
The Survivors (FTC Sequel)
FanfictionFic Name - The Survivors (FTC Sequel) Fanfiction အမျိုးအစားပါ Written by choyee6 Fic cover by - Wang Qiu Follow The Command ရဲ့ (The Alien) ကို ဖတ္ဖူးမွ ဒါကိုနားလည်မှာပါရှင်။ Fic Name - The Survivors (FTC Sequel) Written by choyee6 Fic cover by - Wa...