Part - 25 (ZG & Uni)

821 96 76
                                    

ပုတ်အဲ့အဲ့အနံ့ဆိုးတခု၊ ရက်ကြာနေပြီဖြစ်လို့ အညိုပုပ်ရောင် ​ပြောင်းလဲနေသောသွေးကွက်များ၊ အကောင်များတွယ်ကပ်နေပြီး အရိုးကျလုလုမျက်နှာတခုတို့က သူဧ။်ခေါ်သံကို တိခနဲပြတ်ကျစေရုံမက လက်ထဲတွင်ကိုင်ဆောင်လာသည့် အထုတ်လေးကိုပါ အထိန်းအကွပ်မရှိ လွင့်စင်ကျစေခဲ့သည်။

"Dr. Alexender...Dr..."

အသံတို့ကား အိမ်မက်သဖွယ် နီးလာလိုက်၊ဝေးသွားလိုက်အပြင် တံခါးခေါက်သံတခုကို ပီပီသသ ကြားလိုက်ရသည့်အခါတွင်တော့ မြင်ကွင်းအားလုံးပျောက်ကွယ်သွားပြီး လက်ရှိအချိန်သို့ အသိတရားကပ်လာသည်။ အဆက်မပြတ်ထွက်ပေါ်နေသည့် တံခါးခေါက်သံနှင့်အမည်ခေါ်နေသံတို့ ရပ်တန့်သွားစေဖို့ရာ အိပ်ရာပေါ်မှလူးလဲထ၍ တံခါးပြေးဖွင့်လိုက်တော့ ယူနီဖောင်းဝတ် အမှုထမ်းတစ်ယောက်ကစောင့်ကြိုနေသည်။

"ဗိုလ်ချုပ်ကြီး Roman က အခေါ်လွှတ်လိုက်ပါတယ်။ နေ့လည်စာ သုံးဆောင်ဖို့ကြွခဲ့ပါတဲ့။ ကျွန်တော်တခါတည်းခေါ်ဆောင်သွားပေးပါမယ်။"

လာရောက်ခေါ်ဆောင်ရာ အမှုထမ်းလေးနောက် လိုက်လာရင်း ဖြတ်သန်းခဲ့ရာတစ်လျှောက်ကို Alexender ကြည့်နေမိသည်။ ငရဲခန်းလို​နေရာကလွတ်မြောက်၍ ဤသဘောင်္ပေါ်ရောက်ရှိလာသည်မှာ တရက်ပင်မပြည့်သေး။ တာဝန်ကျရာကိုယ်စီ အမှုထမ်းနေကြသည့် ဝန်ထမ်းပေါင်းရာချီရှိကာ လက်နက်အပြည့်အစုံနှင့် ပေ ရာချီရှည်​သော စစ်သဘောင်္ကြီးရဲ့အရှိန်အဝါက တော်တော်ကြီးမားသည်ကိုတော့ မငြင်းလို။ ရောက်ရှိလာစဉ်ကတည်းက အားကိုးတည်မှီရာ ရသွားသကဲ့သို့ပင်။

"လာပါ  ဒီကြားထဲစိတ်ပင်ပန်းလှရောပေါ့။ ထိုင်ပါ သုံးဆောင်ပါ။"

အခန်းတခုထဲ လှမ်းဝင်လိုက်သည်နှင့် စားပွဲသောက်ပွဲများအပြည့်ခင်းကျင်းထားသော စားပွဲတခုမှာ​နေရာယူနှင့်ပြီး​သော Admiral Roman က ခရီးဦးကြိုလာခဲ့သည်။ ဆံပင်စများဖြူ​နေပြီဖြစ်သည့်တိုင် နှစ်လရှည်ကြာ တာဝ်န်ထမ်း​ဆောင်​နေသည့် ​Roman Alexie ဆိုသော ဗိုလ်ချုပ်တစ်ဦး၊ ထိုလူက ဗိုလ်ချုပ်ကြီးတစ်ယောက်ရဲ့ အဆောင်အယောင် အပြည့်အစုံဝတ်ဆင်ထားပြီး အပြုံးတခုတပ်ဆင်ကာ ခရီးဦးကြိုသည့်တိုင်း မျက်လုံးများကတော့ စူးရဲကာ သွေးအေးရက်စက်ခြင်းကို ပြသနေသည်။

The Survivors (FTC Sequel) Where stories live. Discover now