Part - 7 (Unicode)

788 173 149
                                        

အချိန်အားဖြင့် ညနေ ၅ နာရီခန့်.....

တောင်တရုတ်ပင်လယ်ထဲ မီးရောင်စုံထွန်းလင်းနေပေမယ့် ထီးထီးကြီး ငြိမ်သက်စွာကျောက်ချရပ်နားထားသော စစ်သဘောၤကြီးတစ်စီး...။ ပြင်ပအမြင်မှာတော့ တည်ငြိမ်အေးဆေးနေသော်ငြား အတွင်းပိုင်းတနေရာဖြစ်သည့် လက်နက်ခန်းနှင့် ရဟတ်ယာဉ်ရုံထဲမှာတော့ တပ်သားတချို့က ပျားပန်းခတ်မျှလှုပ်ရှားနေသည်။

"နောက် ၁ နာရီနေရင် စထွက်မယ်။ အဆင်သင့်ဖြစ်ပြီလား!!"

လက်မှနာရီကိုကြည့်ကာ အသံမြှင့်မေးလိုက်သည့် Andy အသံနောက် လက်နက်တိုက်အတွင်း ပြင်ဆင်နေသည့် Miller , Wayne ,  Ray ရဟတ်ယာဉ်ပိုင်းလော့အပါအဝင် အကူပိုင်းလော့ပါ သတိဆွဲလိုက်ပြီး....

"Yes Sir!!"

"Miller? Wayne? ချိန်းထားတဲ့ နေရာကိုသေချာမှတ်ထားပြီးပြီလား?"

"ပြီးပါပြီ ကပ္ပတိန်..."

"Ray? မင်းကိုထည့်ပေးလိုက်တာဟာ In case ဆက်သွယ်ရေးပြတ်တောက်သွားခဲ့သော် မင်းများတခုခုများလုပ်ပေးလို့ ရမလားဆိုတဲ့အတွေးနဲ့ ထည့်ပေးလိုက်တာမို့လို့ ပထမအချက် အရဲမကိုးနဲ့...ဒုတိယအချက် အရဲမကိုးနဲ့..တတိယအချက် အရဲမကိုးနဲ့။ မင်းမှာရဟတ်ယာဉ်ပေါ်က ဆင်းခွင့်လုံးဝမရှိဘူး။"

"မှတ်ထားပါ့မယ် ကပ္ပတိန်...."

"Miller နဲ့ Wayne? သတ်မှတ်ထားတဲ့အဆောက်အဦးကို နာရီဝက်ကြိုရောက်အောင်သွားပါ။ လှည့်ပတ်နေရင်းနဲ့ စောင့်ကြည့်ပါ။ တိုက်ခေါင်မိုးကိုထွက်လာတဲ့သူ သို့မဟုတ် ရှိနေသူက ဆရာရှောင်းတို့ပါလို့ အတည်ပြုနိုင်မယ့်အရာ တစုံတခုမရှိမချင်း မင်းတို့လဲရဟတ်ယာဉ်ပေါ်က ဆင်းခွင့်မရှိဘူး။ ဆရာရှောင်းတို့ကို ကယ်ထုတ်မယ့် ဒီစစ်ဆင်ရေးမှာ Incharge က Miller ဖြစ်လို့ စစ်ဆင်ရေးအတွင်း သူရဲ့အမိန့်က ငါ့ရဲ့အမိန့်လိုပဲ စစ်ဆင်ရေးသွားတဲ့လူတိုင်းအပေါ်မှာ သက်ရောက်တည်မြဲတယ်။"

"Yes Sir!!!"

ရဟတ်ယာဉ်ပိုင်းလော့နှစ်ယောက်က ရုံအတွင်းမှရဟတ်ယာဉ်ထံသို့ စတင်ထွက်ခွာနေပြီး Ray ကတော့ အိတ်တလုံးကိုင်ကာ အနောက်မှကပ်လိုက်သွားသည်။ ခြေလှမ်းပြင်နေသည့် Miller နှင့် Wayne အရှေ့မှ Andy ပိတ်ရပ်လိုက်ပြီးနောက်....

The Survivors (FTC Sequel) Where stories live. Discover now